ပေါ်တူဂီတိုက်စစ်မှူးကတော့ ဆက်တိုက်ကို ဂိုးသွင်းနေတာပါ။
Pyae Phyo Thein

ရော်နယ်ဒိုအတွက် အသင်းအရေးနိမ့်ခဲ့ပေမယ့် စီးရီးအေ၈ပွဲဆက်တိုက်ဂိုးသွင်းယူနိုင်ခဲ့မှုက သူ့အတွက်တော့ ဂုဏ်ယူစရာဖြစ်ခဲ့ရပါတယ်။ 


မနေ့က ကစားခဲ့တဲ့ အီတလီစီးရီးအေပွဲစဉ်မှာ ဂျူဗင်တပ်စ်အသင်းက အဝေးကွင်းမှာ နာပိုလီကို အရေးနိမ့်သွားခဲ့ပါတယ်။ နိုင်ပွဲဆက်နေခဲ့တဲ့ ဂျူဗင်တပ်စ်အသင်းဟာ ရလဒ်ဆိုးတွေအောက်က ရုန်းထွက်ဖို့ကြိုးစားနေတဲ့ နာပိုလီနဲ့အတွေ့မှာတော့ ရှုံးပွဲနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ၂၀၂ဝမှာ ပထမဆုံးရှုံးပွဲလည်း ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ 

ဒါပေမယ့် အသင်းတိုက်စစ်မှူးရော်နယ်ဒိုကတော့ သူ့ရဲ့ ဂိုးမြူးနေမှုကို မရပ်တန့်သေးဘဲ ဂျူဗီအတွက် ချေပဂိုးတစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ ပွဲကစားချိန်မိနစ် ၉ဝမှာ ချေပဂိုးတစ်ဂိုးကို ရော်နယ်ဒိုက သွင်းယူပေးခဲ့တာဖြစ်လို့ ၂-၁ နဲ့ နာပိုလီတို့ အနိုင်ရရှိခဲ့ပါတယ်။ နည်းပြဆာရီကတော့ အသင်းဟောင်းနဲ့အတွေ့မှာ နေပယ်လ်ကနေ ရမှတ်မရရှိဘဲ ပြန်လာခဲ့ရပါတယ်။

ရော်နယ်ဒိုအတွက်တော့ ၂၀၂၀ ခုနှစ်အတွငး် ကစားခဲ့တဲ့ ပွဲတိုင်းမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ စံချိန်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ သူ့ရဲ့ ဒီရာသီ စီးရီးအေသွင်းဂိုးက ၁၇ ဂိုးအထိ ရှိသွားခဲ့ပြီဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက ရရှိခဲ့တဲ့ ၂၁ဂိုးကို လိုက်မီဖို့အတွက် ၄ဂိုးသာ လိုအပ်တော့ကာ ဂျူဗီကစားသမားဘဝ ဒုတိယမြောက်ရာသီက ပိုမိုခြေစွမ်းပြနိုင်တဲ့ရာသီ ဖြစ်လာတော့မှာပါ။ 

ဒီပွဲကို အရေးနိိမ့်ခဲ့ပေမယ့် ဂျူဗီကတော့ အမှတ်ပေးဇယားကို ၃ မှတ်ဖြတ်ဦးဆောင်နေဆဲဖြစ်ပါတယ်။ အင်တာမီလန်က ကယ်ဂလီယာရီနဲ့ သရေကျခဲ့ပြီး အမှတ်ကွာဟချက်က တစ်မှတ်သာကျဉ်းမြောင်းခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုအတွက် အသင်းအရေးနိမ့်ခဲ့ပေမယ့် စီးရီးအေ၈ပွဲဆက်တိုက်ဂိုးသွင်းယူနိုင်ခဲ့မှုက သူ့အတွက်တော့ ဂုဏ်ယူစရာဖြစ်ခဲ့ရပါတယ်။ 


Author


က္က