ပထမအကျော့မှာ ၁-ဝနဲ့ အနိုင်ရထားလို့ သရေကစားရုံနဲ့ နောက်တဆင့်တက်မှာပါ။
Pyae Phyo Thein

အိမ်ကွင်းမှာ ၁-၀ နဲ့ အနိုင်ရထားတဲ့ လိုင်ယွန်အတွက် သရေကစားနိုင်ရုံနဲ့ နောက်တဆင့်ကို တက်ရောက်နိုင်မှာလည်းဖြစ်ပါတယ်။


ဂျူဗင်တပ်စ်အသင်းကို အံ့အားသင့်ပြသွားအောင် လိုင်ယွန်က လုပ်ပြနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ဒီပိုင်းက ပြောဆိုလိုက်ပါတယ်။ မနက်ဖြန်မနက်ပိုင်းမှာ ကစားသွားမယ့် ချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင်မှာ ပြောဆိုခဲ့တာဖြစ်ပြီး အိမ်ကွင်းမှာ ၁-၀ နဲ့ အနိုင်ရထားတဲ့ လိုင်ယွန်အတွက် သရေကစားနိုင်ရုံနဲ့ နောက်တဆင့်ကို တက်ရောက်နိုင်မှာလည်းဖြစ်ပါတယ်။

ဒီရာသီမှာ လိုုင်ယွန်အတွက် ချန်ပီယံလိဂ်ဂိုး ၅ ဂိုးအထိ သွင်းယူပေးထားတဲ့ ဒီပိုင်းဟာ ဒူးဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့ပြီဖြစ်ပြီးတော့ အသင်းကို ဦးဆောင်ကစားပေးမှာဖြစ်ပါတယ်။ ပထမအကျော့ကို ဒဏ်ရာကြောင့် လွဲချော်ခဲ့ရပေမယ့် အသင်းရဲ့ စိတ်ပိုင်းဆိုင်ရာတောင့်တင်းမှုအပေါ်မှာ ကျေနပ်မိတယ်လို့ ဒီပိုင်းကပြောခဲ့ပါတယ်။

"ဒီရာသီချန်ပီယံလိဂ်က ကျွန်တော့်အတွက်တော့ အောင်မြင်တယ်လို့ ဆိုရပါမယ်၊ ငါးပွဲကစားပေးပေးထားပြီးတော့ လာမယ့်ပွဲမှာလည်း ကျွန်တော့်ရဲ့အကောင်းဆုံးပုံစံကို ပြသနိုင်ဖို့ကြိုးစားသွားမှာပါ၊ တစ်သင်းလုံးက ပထမအကျော့မှာလုပ်ပြခဲ့တာအတွက် အသိအမှတ်ပြုခံရသင့်တယ်လို့ ကျွန်တော်ထင်တယ်၊ အသင်းရဲ့စိတ်ပိုင်းဆိုင်ရာ၊ ပရိသတ်တွေကအစ အားလုံးက ကောင်းမွန်ခဲ့ပါတယ်"

"ပရိသတ်မပါဘဲ ကစားရမယ်ဆိုပေမယ့်လည်း ကျွန်တော်တို့ လူစာရင်းက တောင့်တင်းနေဆဲပါ၊ အားလုံးပါဝင်မှာဖြစ်ပြီးတော့ ကောင်းမွန်တဲ့ စိတ်ဓာတ်တစ်ခုလည်းရှိနေပြီး ကျွန်တော်တို့ အကောင်းဆုံးလုပ်ပြနိုင်မယ်လို့ ယုံကြည်ပါတယ်၊ ကျွန်တော်ပိုပြီးတော့ ရင့်ကျင်လာခဲ့ပါပြီ၊ အတွေ့အကြုံလည်းပိုများလာပြီဖြစ်ပြီး အသင်းကို ကူညီပေးဖို့ အစွမ်းကုန်အားထုတ်သွားမှာပါ" လို့ ဒီပိုင်းက ပြောဆိုခဲ့ကြောင်း Sportskeeda က ဖော်ပြခဲ့ပါတယ်။ 


Author


က္က