မနေ့ညကပွဲမှာမှ ပထမဆုံးအကြိမ် သွင်းယူနိုင်ခဲ့တာပါ။
Pyae Phyo Thein

ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်အုပ်စုအဆင့်တုန်းက အလွတ်တည်ကန်ဘောကတဆင့် ဂိုးရရှိဖို့ နီးစပ်ခဲ့ပေမယ့် အသင်းဖော်ရမ်ဆေးက ပိတ်သွင်းယူခဲ့လို့ လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။


ပေါ်တူဂီတိုက်စစ်မှူးရော်နယ်ဒိုဟာ စီးရီးအေကစားသမားဘဝမှာ အလွတ်တည်ကန်ဘောကတဆင့် ဂိုးရရှိဖို့အတွက် တစ်နှစ်ကျော်ကြာစောင့်ဆိုင်းခဲ့ပြီးနောက် ပထမဆုံးအကြိမ်ဂိုးသွင်းယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ တိုရီနိုနဲ့ ကစားခဲ့တဲ့ပွဲမှာ ရော်နယ်ဒိုက အလွတ်တည်ဘောကတဆင့် ဂိုးသွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ 

အသင်းဟောင်းတွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက် နဲ့ ရီးရဲလ်မက်ဒရစ်တို့မှာ အလွတ်တည်ကန်ဘောကတဆင့် ဂိုးအများအပြားသွင်းယူနိုင်ခဲ့တဲ့ ရော်နယ်ဒိုဟာ ဂျူဗီမှာတော့ ဂိုးမသွင်းနိုင်သေးတာဖြစ်ပါတယ်။ ဒီအတွက် တိုရီနိုနဲ့ပွဲမှာရရှိခဲ့တဲ့ ဂိုးက သူ့အတွက်တော့ ဂျူဗီကစားသမားဘဝ ပထမဆုံးအလွတ်တည်ကန်ဘောက ရရှိခဲ့တဲ့ သွင်းဂိုးဖြစ်လာခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်အုပ်စုအဆင့်တုန်းက အလွတ်တည်ကန်ဘောကတဆင့် ဂိုးရရှိဖို့ နီးစပ်ခဲ့ပေမယ့် အသင်းဖော်ရမ်ဆေးက ပိတ်သွင်းယူခဲ့လို့ လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။ အလွတ်တည်ကန်ဘောတွေကနေ ဂိုးမသွင်းယူနိုင်ခဲ့တဲ့နောက် သူ့ရဲ့ အဆိုပါစွမ်းဆောင်ရည်က ကျဆင်းသွားခဲ့ပြီလို့ ယူဆခံနေခဲ့ရပြီး မနေ့ကပွဲမှာတော့ လှပတဲ့ ကန်သွင်းဟန်နဲ့အတူ ဂိုးရရှိခဲ့တာဖြစ်ပါတယ်။ 

ရော်နယ်ဒိုဟာ ၅၉ နှစ်အတွင်း ဂျူဗီအတွက် စီးရီးအေတစ်ရာသီအတွင်းမှာ သွင်းဂိုး ၂၅ဂိုးရရှိခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ်နဲ့လည်း မှတ်တမ်းဝင်ခဲ့လို့ တစ်ပွဲတည်းမှာပဲ ကျေနပ်စရာမှတ်တမ်းနှစ်ခုကို ပို်င်ဆိုင်ခဲ့တာဖြစ်ပါတယ်။ အသက် ၃၅ နှစ်အရွယ်တိုက်စစ်မှူးကြီးဟာ စီးရီးအေမှာလေးပွဲဆက်တိုက်ဂိုးသွင်းယူနိုင်ခဲ့တာလည်းဖြစ်တယ်လို့ Opta မှတ်တမ်းများက ဖော်ပြခဲ့ကြပါတယ်။ 


Author


က္က