လာမယ့်ရာသီအတွက် အသင့်ဖြစ်နေပြီလို့ ရော်နယ်ဒိုက ဆိုပါတယ်။
Pyae Phyo Thein

ပြီးခဲ့တဲ့ရာသီမှာ အီတလီစီးရီးအေဖလားတစ်လုံးတည်းနဲ့သာ အောင်မြင်ခဲ့တဲ့အပေါ်မှာ ရော်နယ်ဒိုက စိတ်တိုင်းမကျဖြစ်နေပြီး လာမယ့်ရာသီသစ်အတွက် ရည်မှန်းချက်တွေကို ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။


ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူးရော်နယ်ဒို လာမယ့်ဘောလုံးရာသီမှာ ဂျူဗင်တပ်စ်အသင်းနဲ့အတူ အီတလီ၊ ဥရောပနဲ့ ကမ္ဘာကြီးတို့ကို အနိုင်ယူလွှမ်းမိုးသွားမယ်လို့ သူ့ရဲ့အင်စတာဂရမ်ကတဆင့်ရေးသားပြောဆိုသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ အီတလီစီးရီးအေဖလားတစ်လုံးတည်းနဲ့သာ အောင်မြင်ခဲ့တဲ့အပေါ်မှာ ရော်နယ်ဒိုက စိတ်တိုင်းမကျဖြစ်နေပြီး လာမယ့်ရာသီသစ်အတွက် ရည်မှန်းချက်တွေကို ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ 

ဂျူဗီဟာ ချန်ပီယံလိဂ်မှာလည်း ၁၆ သင်းအဆင့်မှာပဲ လိုင်ယွန်ကို အရေးနိမ့်ခဲ့ကာ ထွက်ခွာခဲ့ရပြီး ကိုပါအီတာလီယာဖလားပြိုင်ပွဲမှာလည်း အောင်မြင်မှုမရရှိခဲ့ဘဲ ရှိခဲ့ပါတယ်။ ဂျူဗီအတွက် ပြိုင်ပွဲစုံသွင်းဂိုး ၃၇ ဂိုးအထိ ရရှိခဲ့တဲ့ ရော်နယ်ဒိုက သူ့ရဲ့ဂျူဗီကစားသမားဘဝ တတိယမြောက်ရာသီအတွက် အသင့်ဖြစ်နေပြီလို့လည်း ပြောဆိုခဲ့ကာ အကောင်းဆုံးကြိုးစားသွားမယ်လို့ ကတိပေးသွားခဲ့ပါတယ်။ 

"ဂျူဗင်တပ်စ်နဲ့ တတိယမြောက်ရာသီအတွက် အသင့်ဖြစ်နေပါပြီ၊ ကျွန်တော့်စိတ်ပိုင်းဆိုင်ရာ၊ ရည်မှန်းချက်တွေကလည်း အမြင့်ဆုံးအဆင့်မှာပါပဲ၊ သွင်းဂိုးတွေ၊ အောင်ပွဲတွေ၊ ကတိကဝတ်တွေ၊ ပရော်ဖက်ရှင်နယ်ဆန်မှုတွေပါ၊ ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်တွေ၊ အသင်းဖော်တွေရဲ့ အဖိုးတန်တဲ့ ကူညီထောက်ပံ့မှုတွေနဲ့ အသင်းဝန်ထမ်းတွေရဲ့ ကူညီပေးမှုတွေကြောင့် ကျွန်တော်တို့ အီတလီ၊ ဥရောပ နဲ့ ကမ္ဘာကြီးကို နောက်တစ်ကြိမ်အောင်နိုင်ဖို့ အလုပ်လုပ်သွားမှာပါ"

"လာမယ့်ရာသီအတွက် စံချိန်မှတ်တမ်းတွေကို ကျော်ဖြတ်ဖို့၊ အခက်အခဲတွေကိုကျော်လွှားဖို့၊ ဆုဖလားတွေရယူဖို့နဲ့ တစ်ဦးချင်းပန်းတိုင်တွေဆီသွားကြမှာပါ၊ ပိုပြီးအလုပ်လုပ်မယ်၊ ထပ်ခါထပ်ခါပိုပြီးကောင်းမွန်အောင်လည်း ကြိုးစားသွားမှာပါ၊ အမြင့်ဆုံးအဆင့်ထိရောက်ရှိဖို့၊ ကျွန်တေ်ာတို့ သွားရာလမ်းမှာ ဖြစ်လာနိုင်တဲ့ စိန်ခေါ်မှုတွေကိုလည်း ကျော်ဖြတ်သွားမှာပါ" လို့ ရော်နယ်ဒိုက ရေးသားခဲ့ပါတယ်။ 

ဂျူဗင်တပ်စ်ကတော့ နည်းပြဆာရီနေရာမှာ အသင်းကစားသမားဟောင်းပီယာလိုကို အစားထိုးခန့်အပ်ထားပြီးဖြစ်ပါတယ်။ ရာသီသစ်အတွက် ကြိုတင်ပြင်ဆင်မှုတွေကို စတင်နေပြီလည်းဖြစ်ကာ သူတို့ရဲ့အဓိကရည်မှန်းချက်ဖြစ်တဲ့ ဥရောပအဆင့်အောင်မြင်မှုကိုရယူနိုင်ဖို့ သေသေချာချာအားထုတ်လာတော့မှာလည်းဖြစ်ပါတယ်။ 


Author


က္က