ဒီဘာလာဟာ ဂျူဗင်တပ်အသင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ တတိယမြောက်ကစားသမား ဖြစ်လာခဲ့ပါတယ်။

ဂျူဗင်တပ်အသင်း တိုက်စစ်ကစားသမား ဒီဘာလာက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရပြီ ဖြစ်ကြောင်း သူ့ရဲ့ တွစ်တာကတဆင့် ပြောကြားလိုက်ပါတယ်။  



ဒီဘာလာနဲ့ သူ့ရဲ့ချစ်သူတို့နှစ်ဦးလုံး ဗိုင်းရပ်စ်ကူးစက်ခံနေရတာဖြစ်ပါတယ်။ ဗိုင်းရပ်စ် positive ပြခဲ့ပေမယ့်လည်း အခုတော့ ကျန်းကျန်းမာမာ ရှိနေကြတယ်လို့ ဒီဘာလာက သူ့ရဲ့တွစ်တာမှာ ရေးသားဖော်ပြထားပါတယ်။ " ကျွန်တော်နဲ့ အိုရီယာနာတို့ COVID-19 ဆေးစစ်ချက်ယူခဲ့ကြပြီးတော့ အခု positive ပြနေပါတယ်။ ကံကောင်းချင်တော့ ကျွန်တော်တို့ ကျန်းကျန်းမာမာ ရှိနေကြပါတယ်" လို့ ဒီဘာလာက သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားတာ ဖြစ်ပါတယ်။ 

Photo : Dybala Twitter

ဒီဘာလာဟာ ဂျူဗင်တပ်အသင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ တတိယမြောက်ကစားသမား ဖြစ်လာခဲ့တာပါ။ ဂျူဗင်တပ်အသင်းနောက်ခံလူ ရာဂူနီနဲ့ ကွင်းလယ်လူ မာတွီဒီတို့က အရင်ကူးစက်ခံခဲ့ရတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ စီးရီးအေပြိုင်ပွဲ အပါအဝင် အီတလီ အားကစားပြိုင်ပွဲတွေအားလုံး ရပ်နားထားပြီး ဧပြီလ ၃ ရက်နေ့မှ ပြန်စတင်ဖို့ လျာထားတယ်လို့ ဘီဘီစီ သတင်းတစ်ရပ်က ဖော်ပြထားပါတယ်။ 

Photo : Getty Image

အီတလီဟာ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ နိုင်ငံတွေထဲမှာ ဆိုးရွားတဲ့အခြေအနေကို ကြုံတွေ့နေရတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ ဂျူဗင်တပ်အသင်း ကစားသမား ရော်နယ်ဒိုလည်း လက်ရှိမှာ မွေးရပ်မြေ မာဒဲရားမှာ ပြန်လည်နေထိုင်လျက်ရှိပါတယ်။ ခီဒီယာ၊ ဟီဂူအင်နဲ့ ဂျာနစ်တို့လည်း မွေးရပ်ကို အသီးသီး ပြန်လည်နေထိုင်လျက်ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က