ဥရောပနိုင်ငံတွေထဲမှာ သေဆုံးမှုနှုန်းအများဆုံးနိုင်ငံအဖြစ်ရှိနေခဲ့တာပါ။

အီတလီစီးရီးအေအသင်းတွေထဲမှာ ရောဂါပိုးကူးစက်ခံရမှုအများဆုံးဖြစ်ခဲ့တဲ့ ဂျူဗင်တပ်အသင်းအနေနဲ့ တာဝန် ရှိသူတွေရဲ့ ညွှန်ကြားချက်အားလုံးကို ပူးပေါင်းလုပ်ဆောင်ခဲ့ တာလည်းဖြစ် ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် နိုင်ငံ့စီးပွားရေးအခြေအနေအဆိုးရွားဆုံးဖြစ်လာနို်င်တဲ့အခြေအနေမှာ ပရော်ဖက်ရှင်န ယ်ကလပ်အသင်းတွေရဲ့ ဘဏ္ဍာရေးအခြေအနေကလည်း ယိမ်းယိုင်လာဖို့ရှိနေတဲ့အတွက် လစာငွေမယူကြဖို့ ဆုံးဖြတ်ခဲ့တဲ့ ဂျူဗင်တပ်အသင်းရဲ့ဆုံးဖြတ်ချက်ကို အီတလီဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဂရာဗီနာက တောင်းဆိုပြော ဆိုလိုက်ပါတယ်။



ဂျူဗင်တပ်အသင်းရဲ့ နည်းပြဆာရီအပါအဝင် ထိပ်တန်းကစားသမားတွေဖြစ်တဲ့ ဘတ်ဖွန်၊ စီရော်နယ်ဒို၊ ဒိုင်ဘာ လာ၊ ချီလီနီ၊ ရာဘီယော့ခ်တို့အပါအဝင် ကစားသမားအားလုံးဟာ အခုလတွင်ရရှိမယ့် လစာငွေအပါအဝင်လာ မယ့် ဇွန်လအထိ လစာငွေ လေးလစာကို မယူတော့ဘူးလို့ အတည်ပြုပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။



“ ဂျူဗင်တပ်အသင်းနည်းပြနဲ့အသင်းသားတွေရဲ့ လုပ်ဆောင်မှုကို အသိအမှတ်ပြုရမှာပါ။ အခက်အခဲတွေဖြစ်နေ တဲ့အချိန်အခုလိုပူးပေါင်းခဲ့တဲ့ ချီလီနီနဲ့အသင်းသားတွေ၊ နည်းပြဆာရီတို့ရဲ့ လုပ်ရပ်က တကယ်ကိုချီးကျူးရမှာ ပါ။ ဘောလုံးလောကသားအားလုံတစုတစည်းတည်း ဖြစ်ရမယ့်အချိန်ရောက်လာခဲ့ပါပြီ ” လို့ အီတလီဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌဂရာဗီနာရဲ့ မှတ်ချက်ကို footballitalia က ဖော်ပြခဲ့တာပါ။

စီးရီးစီကလပ်ပီရာနက်စီအသင်းရဲ့ ကစားသမားတစ်ဦး ရောဂါပိုးကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးတဲ့ နောက် ပြိုင်ဘက်အဖြစ်ရင်ဆိုင်ခဲ့တဲ့ ဂျူဗင်တပ်အရံအသင်းမှာပါ ကူးစက်ခံရသူများရှိလာခဲ့သလို အသင်းကြီး ကစားသမားတွေဖြစ်တဲ့ ဒိုင်ဘာလာ၊ မာတူဒီ၊ ရူဂါနီတို့ကိုလည်း ရောဂါပိုးထပ်မံကူးစက်ခဲ့တာလည်းဖြစ်ပါတယ်။

လက်ရှိမှာတော့ ကစားသမားအားလုံးရောဂါအခြေအနေကြောင့် စိုးရိမ်ရတဲ့အခြေအနေကိုကျော်လွန်နိုင်ခဲ့ပြီဖြစ် သလို အသင်းတာဝန်ရှိသူတွေအနေနဲ့လည်း ကစားသမားတွေနဲ့အတူပူးပေါင်းပြီး နိုင်ငံအတွင်းလိုအပ်တဲ့ဆေးဝါး ကရိယာများကို လှူဒါန်းမှုတွေပြုလုပ်ပြီး ရောဂါကူးစက်မှုနှုန်းလျော့ကျရေးအတွက် ထိန်းချုပ်နိုင်ဖို့ အားစိုက်လုပ် ဆောင်နေရဆဲဖြစ်ပါတယ်။

Share

Loading Next Article...
က္က