ဘိုင်ယန်မြူးနစ်နဲ့ ဆီမီးဖိုင်နယ်ကစားရတော့မှာပါ။
Pyae Phyo Thein

ထင်မှတ်မထားတဲ့ ရလဒ်ကို မြင်တွေ့ခဲ့ရတာဖြစ်ပြီးတော့ ချန်ပီယံလိဂ်ရဲ့ လှည့်စားမှုတွေ ဘာလဲဆိုတာကိုပါ သက်သေထပ်ပြနိုင်ခဲ့ပါတယ်။


ဂွာဒီယိုလာအတွက်တော့ ခံရခက်ခက်ကြီးပါပဲ။ တစ်ပွဲလုံးကို ခြေစွမ်းအသာစီးနဲ့ ကစားနိုင်ခဲ့ပြီး အနိုင်ရကိုရရမယ့် ခြေစွမ်းမျိုးနဲ့ မန်စီးတီးကစားခဲ့တာပါ။ ကစားကွက်ကို စိုးမိုးထားနိုင်ခဲ့ပြီး တိုက်စစ်ကိုလည်း အကောင်းဆုံးကစားပြနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ထင်မှတ်မထားတဲ့ အနေအထားတွေကနေ ဂိုးပေးခဲ့ရတာ၊ စတာလင်သေချာပေါက်ဂိုးကို ထောင်ကန်ပစ်ခဲ့တာတွေက နှမျောစရာပါပဲ။

လိုင်ယွန်ကတော့ ကစားပုံမှန်တယ်လို့ပဲဆိုရပါမယ်။ ဂိုးရပြီးနောက်မှာ ခံစစ်ကိုအားပြုပြီး တန်ပြန်တိုက်စစ်တွေကိုပဲ အသုံးပြုခဲ့ပါတယ်။ မန်စီးတီးကို ကြံ့ကြံ့ခံဖို့ ကြိုးစားရင်းနဲ့ ချေပဂိုးပေးခဲ့ရပေမယ့် ပွဲကိုထိန်းကစားနိုင်ခဲ့ပြီးတော့ အနိုင်ဂိုးတွေကို ဆက်တိုက်သွင်းယူပြီး အံ့အားသင့်ဖွယ်ရာနိုင်ပွဲကို ရယူသွားခဲ့ပါတယ်။ 

မန်စီးတီးအရေးနိမ့်ခဲ့တာက မထိုက်တန်ဘူးလို့ ဆိုရမှာဖြစ်သလို လိုင်ယွန်အနိုင်ရတာလည်းက ထိုက်ထိုက်တန်တန်နဲ့ပါ။ ရှိတဲ့လူနဲ့ အကောင်းဆုံးဖြစ်အောင်ကစားပြနိုင်ခဲ့ပြီး အခွင့်အရေးရချိန်တိုင်းမှာ ဂိုးတွေကို သွင်းယူနိုင်ခဲ့ပြီး လူစားဝင်လာခဲ့တဲ့ ဒမ်ဘီလီက အသင်းအတွက် သူရဲကောင်းဖြစ်ခဲ့ပြီး ၂ဂိုးတောင် သွင်းပေးခဲ့ပါတယ်။

ထင်မှတ်မထားတဲ့ ရလဒ်ကို မြင်တွေ့ခဲ့ရတာဖြစ်ပြီးတော့ ချန်ပီယံလိဂ်ရဲ့ လှည့်စားမှုတွေ ဘာလဲဆိုတာကိုပါ သက်သေထပ်ပြနိုင်ခဲ့ပါတယ်။ ဗိုလ်စွဲဖို့အထိ ရည်မှန်းထားပေမယ့် အမှားခံလို့မရဘူးလို့ ဂွာဒီယိုလာ ပြောခဲ့သလိုပဲ မန်စီးတီးကတော့ ပြိုင်ဘက်အသင်းရဲ့ တန်ပြန်တိုက်စစ်တွေကို မထိန်းနိုင်ခဲ့ချိန်မှာ ဂိုးတွေအလွယ်တကူပေးခဲ့ရပြီး အရေးနိမ့်ခဲ့ပါတယ်။

လိုင်ယွန်ကတော့ ဂျူဗီပြီးတော့ မန်စီးတီးကိုပါ ထပ်ဖြိုပြခဲ့ပြီး ဆီမီးဖိုင်နယ်မှာ ဘိုင်ယန်မြူးနစ်နဲ့ ကစားရပါတော့မယ်။ နောက်ထပ်တစ်ကြိမ်သူတို့တွေ အံ့အားသင့်ဖွယ်ရာလုပ်ပြနိုင်မလားဆိုတာ အားလုံးက စောင့်ကြည့်နေကြပါပြီ။ လိုင်ယွန်အတွက် ကော်နက်ကတစ်ဂိုး၊ ဒမ်ဘီလီက နှစ်ဂိုးသွင်းယူခဲ့ပြီး မန်စီးတီးအတွက် ဒီဘရိုင်းက ချေပဂိုးသွင်းပေးခဲ့ပါတယ်။ 


Author


က္က