နှစ်ကျော့ပေါင်းရလဒ် ၄-၁ ဂိုးနဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲကို ၆ ကြိမ်ဆက် တက်လှမ်းသွားတာပါ။
Kyaw Ko Ko Sint

ဘီဘာအိုနဲ့ရီးရဲတို့က သမိုင်းတစ်လျှောက် ၄ ကြိမ်ဆက် ရယူထားဖူးလို့ ဘာစီလိုနာအသင်းအနေနဲ့ ၅ ကြိမ်မြောက်ရယူနိုင်ရင် ပထမဆုံး ၅ ကြိမ်ဆက် ရယူနိုင်တဲ့ အသင်းဖြစ်လာမှာပါ။

ဘာစီလိုနာအသင်းက အဝေးကွင်းမှာ ရီးရဲကို ၃ ဂိုးပြတ်နဲ့ အနိုင်ယူခဲ့ပြီးနောက် မိမိတို့ ဘာစီလိုနာအသင်းမှာ ဆုဖလားတွေကို မရောင့်ရဲနိုင်လောက်အောင် စုဆောင်းမိနေသူတွေလို့ ဂုဏ်ဖော်ပြောဆိုခဲ့ကြောင်း Daily Mail ကဖော်ပြပါတယ်။



ဘာစီလိုနာအနေနဲ့ ပထမအကျော့ နူးကမ့်မှာ တစ်ဖက်တစ်ဂိုးစီ သရေကျထားလို့ အခုပွဲမှာ အဝေးကွင်း ကစားရပေမယ့်လည်း ဆွာရက်ဇ်ရဲ့ သွင်းဂိုး ၂ ဂိုး အပါအဝင် ၃ ဂိုးပြတ်နဲ့ အနိုင်ယူပြီး နှစ်ကျော့ပေါင်း ရလဒ် ၄-၁ ဂိုးရလဒ်နဲ့ ဗိုလ်လုပွဲကို တက်လှမ်းသွားတာပါ။

“မင်းအနေနဲ့ ဂုဏ်သိက္ခာရှိတဲ့ အသင်းတစ်သင်းမှာ ရှင်သန်နိုင်ဖို့ လိုပါတယ်။ ကမ္ဘာပေါ်က အကောင်းဆုံး အသင်းတစ်သင်းကို ဆိုလိုတာပါ။ ဒီညမှာ ကျွန်တော်တို့ လုပ်ပြလိုက်နိုင်ခဲ့ပါပြီ။” လို့ ဆွာရက်ဇ်က ပွဲအပြီးမှာ ပြောသွားတာ ဖြစ်ပါတယ်။

ဘာနေဗျူးမှာ လာကစားရတာ ခက်ခဲမယ်ဆိုတာ ကြိုတွေးထားကြပေမယ့်လည်း အခွင့်အရေးကောင်းတွေ ရှိနေတယ်ဆိုတာ အားလုံး ကိုယ့်ကိုယ်ကို သတိပေးထားခဲ့ကြပါတယ်လို့လည်း ဆွာရက်ဇ်ကပြောခဲ့ပါသေးတယ်။

ဘာစီလိုနာအသင်းကတော့ ဆီမီးဖိုင်နယ်ကို တက်လှမ်းနိုင်ဖို့အတွက် လီဗန်တေး၊ ဆီဗီလာတို့ကို ကျော်ဖြတ်လာရတာဖြစ်ပြီး နောက်ဆုံး ၄ နှစ်ဆက်တိုက်ကိုလည်း ကိုပါဒယ်ရေး ဆုဖလားကို သိမ်းပိုက်ထားတာဖြစ်လို့ အခုတစ်ကြိမ်ဟာ ၅ ကြိမ်ဆက် ဆုဖလားအတွက် ယှဉ်ပြိုင်ရတော့မှာပါ။

အခြား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဗလင်စီယာနဲ့ ရီးရဲဘက်တစ်တို့ ပထမအကျော့ ၂ ဂိုးစီ သရေကျထားပြီး ဒုတိယအကျော့ကိုတော့ မတ်လ ၁ ရက်နေ့မှ ကစားမှာဖြစ်ပြီး အနိုင်ရတဲ့အသင်းနဲ့ ဘာစီလိုနာတို့ရဲ့ ဗိုလ်လုပွဲကို မေ ၂၆ မှာ ကစားပါမယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က