ဂရုဇ်မန်းနဲ့ ဆက်ဆံရေး အဆင်မပြေဘူးလို့ ဖော်ပြခြင်း ခံထားရသူပါ။
Kyaw Ko Ko Sint

မက်ဆီအနေနဲ့ ဂရုဇ်မန်းထက် နေမာကိုသာ ခေါ်ယူလိုချင်နေတာကြောင့် ဂရုဇ်မန်းနဲ့ ဆက်ဆံရေး အဆင်မပြေ ဖြစ်နေတာလို့ မီဒီယာတွေက ဖော်ပြနေကြတာပါ။

မိမိအနေနဲ့ ဂရုဇ်မန်းကို ဘာစီလိုုနာအသင်းထံ မခေါ်ယူလိုဘူးလို့ မီဒီယာတွေက ရေးသားဖော်ပြနေတဲ့အပေါ်မှာ မက်ဆီကတော့ အတိအလင်းထုတ်ဖော်ပြောလိုက်ပြီ ဖြစ်ပါတယ်။





မက်ဆီက မိမိအနေနဲ့ ဂရုဇ်မန်းကို မခေါ်ယူနိုင်စေတဲ့ စိတ်ရှိတယ်လို့ ရေးသားဖော်ပြနေကြတာတွေက အလိမ် အညာတွေချည်းသာ ဖြစ်ပါတယ်လို့ ပြောလာတဲ့အကြောင်း Sportskeeda သတင်းဌာနက ဖော်ပြလာပါတယ်။

“ အရှင်းဆုံးပြောရရင် အဲ့ဒါတွေက လိမ်နေကြတာပါ၊ မနှစ်ကတည်းက ကျွန်တော်က သူ့ကို အကောင်းဆုံးထဲက တစ်ဦးလို့ တင်စားထားပြီး အဲ့လို အကောင်းဆုံးတွေဆိုရင် အမြဲတမ်း ကြိုဆိုတယ်လို့ ပြောထားပြီးသားပါ။ ကျွန်တော်နေမာကို ဒီရာသီမှာပဲ ပြန်လာစေချင်တာကတော့ သူနဲ့မတူညီပါဘူး။ သူသာရှိရင် ကျွန်တော်တို့ရဲ့ ရည်မှန်းချက် ပိုပီပြင်နိုုင်မယ်လို့ ယုံကြည်လို့ပါ။” လို့ မက်ဆီက RAC 1 ရေဒီယို မီဒီယာကို ပြောခဲ့ပါတယ်။

ဂရုဇ်မန်းကတော့ ဒီရာသီမှာ အက်သလက်တီကိုအသင်းကနေ ဘာစီလိုနာအသင်းထံ ယူရို သန်း ၁၂၀ နဲ့ ရောက်ရှိလာပေမယ့် မက်ဆီနဲ့ ဆက်ဆံရေး အဆင်မပြေဘူးလို့ သတင်းထွက်ပေါ်နေတာပါ။

ဒါပေမယ့်လည်း ဂရုဇ်မန်းအနေနဲ့ ဘာစီလိုနာအသင်းမှာ ပျော်ရွှင်နေတယ်လို့ အခြားအသင်းဖော် လန့်ဂ်လတ်က ပြောထားပါသေးတယ်။


Author


က္က