Pyae Phyo Thein

ပြီးခဲ့တဲ့ရာသီတွေကလည်း မန်စီးတီက သူ့ကိုချိတ်ဆက်ခဲ့ဖူးပြီး ရီဗယ်ဒိုက မက်ဆီဟာ ပရီးမီးယားလိဂ်ကို အလွယ်တကူပဲပြောင်းရွှေ့နိုင်တယ်လို့ သုံးသပ်ခဲ့ပါတယ်။ 


ဘရာဇီးလ်နာမည်ကျော်တိုက်စစ်မှူးဟောင်းရီဗယ်ဒိုက ဘာစီလိုနာကနေ မက်ဆီထွက်ခွာတော့မယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက် အာဂျင်တီးနားကြယ်ပွင့်ဟာ မန်စီးတီးမှာ ဂွာဒီယိုလာနဲ့ ပြန်လည်ပေါင်းစည်းခွင့်၊ ဂျူဗီမှာ ရော်နယ်ဒိုနဲ့ တွဲဖက်ကစားနိုင်မယ့် အခွင့်အရေးတို့နဲ့ ဆွဲဆောင်ခံရနိုင်တယ်လို့ ပြောဆိုလိုက်ပါတယ်။ 

စပိန်ရေဒီယိုတစ်ခုဖြစ်တဲ့ Cadena SER က မက်ဆီဟာ ၂၀၂၁ ခုနှစ်မှာ ဘာစီလိုနာကနေ ထွက််ခွာလိမ့်မယ်လို့ ကြာသပတေးနေ့က ဖော်ပြခဲ့ပါတယ်။ အသင်းရဲ့ လက်ရှိအနေအထားတွေအပေါ်မှာ မက်ဆီက စိတ်ပျက်နေခဲ့ပြီးနောက် အသင်းကထွက်ခွာဖို့အတွက် ဆုံးဖြတ်ခဲ့တယ်ဆိုပါက သူ့ကိုခေါ်ယူဖို့အတွက် အသင်းအများအပြားက စိတ်ဝင်စားမှုရှိနေကြပါတယ်။ 

ပြီးခဲ့တဲ့ရာသီတွေကလည်း မန်စီးတီက သူ့ကိုချိတ်ဆက်ခဲ့ဖူးပြီး ရီဗယ်ဒိုက မက်ဆီဟာ ပရီးမီးယားလိဂ်ကို အလွယ်တကူပဲပြောင်းရွှေ့နိုင်တယ်လို့ သုံးသပ်ခဲ့ပါတယ်။ 

"သူ အသင်းက ထွက်ခွာဖို့ စဉ်းစားနေတယ်ဆိုရင် အသင်းအဝတ်လဲခန်းအတွင်းမှာ တစ်စုံတစ်ရာအခြေအနေဆိုးနေပြီလို့ ထင်ရတယ်၊ ပြီးခဲ့တဲ့ လအနည်းငယ်တွေမှာ အသင်းတွင်းပြသနာတွေရှိနေတဲ့အပေါ် သူငြီးငွေ့နေတာလည်းဖြစ်ပါလိမ့်မယ်၊ သူ့စာချုပ်သက်တမ်းကုန်ဆုံးချိန်ဆိုရင် သူ့အသက်က ၃၄ နှစ်ဖြစ်နေပါလိမ့်မယ်၊ ဒါပေမယ့် သူ့ရဲ့အဆင့်အတန်းက ပရီးမီးယားလိဂ်မှာ အလွယ်တကူကစားနိုင်ဦးမယ်လို့ ကျွန်တော်ထင်ပါတယ်"

"သူ ဘာစီလိုနာက ထွက်ခွာတာကိုမြင်ရမှာက စိတ်မကောင်းစရာပါပဲ၊ ဒါပေမယ့်လည်း သူ အသင်းမှာ ဆက်ရှိနေမယ်လို့ ကျွန်တော်ကတော့ မျှော်လင့်ပါတယ်၊ သူ မန်စီးတီးမှာ ဂွာဒီယိုလာနဲ့ ပြန်ပူးပေါင်းနိုင်တယ်ဆိုတဲ့ ဆွဲဆောင်မှုကိုလည်း ရနိုင်ပါတယ်၊ သူတို့က ဘာစီလိုနာမှာ တကယ်ကြီးကျယ်ခမ်းနားတဲ့အတွဲအဖက်ဖြစ်ခဲ့တာပါ၊ နောက်ထပ်ဖြစ်နိုင်တာကတော့ သူ့ကို ရော်နယ်ဒိုနဲ့ တွဲဖက်ကစားခွင့်ရစေမယ်ဆိုတဲ့ မက်လုံးပါပဲ" လို့ ရီဗယ်လ်ဒိုက ပြောဆိုခဲ့ပါတယ်။ 



Author


က္က