ဟိုတယ်ပြင်ပမှာ လက်နက်ကိုင်တွေ ရှိနေခဲ့ပါတယ်။

တနင်္ဂနွေနေ့မှာ ဖြစ်ပွားခဲ့တဲ့ ဒီကိစ္စကြောင့် မော်ရိုကိုအသင်းသားတွေဟာ ဟိုတယ်အတွင်းမှာပဲ ပိတ်မိနေခဲ့ကြပြီး ပုန်းအောင်းနေခဲ့ရတယ်လို့ သိရပါတယ်။


၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ဂွီနီယာအသင်းနဲ့ အဝေးကွင်းမှာ ကစားဖို့ရှိနေတဲ့ မော်ရိုကိုအသင်းဟာ အိမ်ရှင်နိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့မှုကြောင့် အခက်တွေ့ခဲ့ရတယ်လို့ သိရပါတယ်။ တနင်္ဂနွေနေ့မှာ ဖြစ်ပွားခဲ့တဲ့ ဒီကိစ္စကြောင့် မော်ရိုကိုအသင်းသားတွေဟာ ဟိုတယ်အတွင်းမှာပဲ ပိတ်မိနေခဲ့ကြပြီး ပုန်းအောင်းနေခဲ့ရတယ်လို့ သိရပါတယ်။

ဂွီနီယာ လမ်းမတွေပေါ်မှာလည်း စစ်သားတွေက စောင့်ဆိုင်းနေခဲ့ပြီး သေနတ်ပစ်ဖောက်မှုတွေလည်း ပြုလုပ်ခဲ့ကြပါတယ်။ ခြေစစ်ပွဲကို တနင်္လာနေ့မှာ ကစားဖို့ စီစဉ်ထားခဲ့ရတာကြောင့် အဆိုပါပွဲစဉ်ကို ဖျက်သိမ်းခဲ့ရပါတယ်။ ဂွီနီယာစစ်တပ်က နယ်စပ်ဂိတ်တွေကို ပိတ်ဆို့ဖို့ စီစဉ်ထားခဲ့လို့ အလျင်အမြန်ပြန်ထွက်ခွာဖို့အတွက် မော်ရိုကိုအသင်း စီစဉ်ခဲ့ရပါတယ်။ 

နည်းပြဟာလီဟိုဇစ်က "ကျွန်တော်တို့အနားမှာ တနေကုန်ကို သေနတ်ပစ်သံတွေကြားခဲ့ရပါတယ်၊ လေဆိပ်ကနေ ထွက်ခွာခွင့်ရဖို့ကို ခွင့်ပြုချက်စောင့်ဆိုင်းခဲ့ရပြီး အခုတော့ အားလုံးဘေးကင်းခဲ့ပါပြီ၊ လုံခြုံရေးအတွက် ဘယ်သူကမှ အာမခံချက်မပေးနိုင်ခဲ့ပါဘူး" လို့ ပြောဆိုခဲ့ကြောင်း Firstpost က ဖော်ပြခဲ့ပါတယ်။ ဒီလိုထွက်ခွာနိုင်ဖို့အတွက် ဂွီနီယာမှာရှိတဲ့ မော်ရိုကိုသံရုံးက အကူအညီပေးခဲ့ရတယ်လို့လည်း သိရပါတယ်။ 


ဂွီနီယာကတော့ နိုင်ငံရေးမတည်မငြိမ်ဖြစ်ပွားနေတာ ကြာမြင့်နေပြီဖြစ်ပြီး တနင်္ဂနွေနေ့မှာတော့ သမ္မတဖြစ်သူကို ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ နယ်စပ်အဝင်အထွက် နဲ့ ခရီးသွားလာရေးလမ်းကြောင်းအားလုံးကို ပိတ်ဆို့ထားပြီးဖြစ်တယ်လို့ သိရပါတယ်။ 

မော်ရိုကိုအသင်းသားတွေထဲမှာ ဟာကီမီ၊ တာရက်တ်၊ အမ်ရာဘတ်၊ အယ်လ်ဟတ်ဒါဒီတို့လို ကစားသမားတွေရှိနေပြီး ဂွီနီယာမှာတော့ လီဗာပူးလ်ကွင်းလယ်လူကီတာပါဝင်ကာ အသင်းက အချိန်ပြည့်ဆက်သွယ်မှုပြုလုပ်နေပြီး ဘေးကင်းတယ်လို့ သိရပါတယ်။ 



က္က