ကျေနပ်နေခဲ့ကြတယ်လို့ ဆိုပါတယ်။

အသက် ၃၀ အရွယ် ပြင်သစ်တိုက်စစ်မှူးဟာ အသင်းလေ့ကျင့်ရေးကွင်းမှာလည်း ပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ်။


ဘာစီလိုနာအသင်းကစားသမားတွေဟာ နူးကမ့်ကနေ ဂရစ်မန်းထွက်ခွာခဲ့တဲ့အပေါ်မှာ ကျေနပ်ပျော်ရွှင်နေခဲ့ကြတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ ဂရစ်မန်းကတော့ အသင်းဟောင်းအက်သလက်တီကိုမက်ဒရစ်ကို အငှားနဲ့ပြန်လည်ပြောင်းရွှေ့သွားခဲ့တာဖြစ်ပြီး အပြီးသတ်ဝယ်ယူဖို့အတွက်ပါ သဘောတူညီမှုရရှိခဲ့တာလည်း ဖြစ်ပါတယ်။ 

၂၀၁၉ မှာ ဘာစီလိုနာကို စာချုပ်လျော်ကြေးပေါင် ၁၀၃ သန်းနဲ့ ရောက်ရှိခဲ့တဲ့ ဂရစ်မန်းဟာ ထင်မှတ်သလိုခြေစွမ်းပြနိုင်ခဲ့ခြင်းမရှိသူပါ။ ဘာကာမှာ ၂ နှစ်သာကစားရပြီးနောက် အသင်းဟောင်းဆီ ပြန်လည်ရောက်ရှိခဲ့တာဖြစ်ပြီး အသင်းအဝတ်လဲခန်းအတွင်းမှာတော့ ဂရစ်မန်းထွက်ခွာသွားခဲ့တဲ့အပေါ်မှာ ကျန်ကစားသမားတွေက ဘယ်လိုစိတ်အနှောင့်အယှက်ဖြစ်တာမျိုးမှမရှိခဲ့ဘူးလို့ စပိန်သတင်းဌာန SPORT က ဖော်ပြခဲ့ပါတယ်။

အသက် ၃၀ အရွယ် ပြင်သစ်တိုက်စစ်မှူးဟာ အသင်းလေ့ကျင့်ရေးကွင်းမှာလည်း ပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ်။ အသင်းမှာ ခြေစွမ်းမပြနိုင်တဲ့နောက် သူ့ကိုပစ်မှတ်ထားလှောင်ပြောင်မှုတွေရှိလာခဲ့ပြီး အသင်းတွင်းမှာလည်း ဘာစီလိုနာအမာခံကစားသမားအုပ်စုနဲ့ ဂရစ်မန်းအုပ်စုဆိုပြီး နှစ်ခြမ်းကွဲခဲ့ကာ စည်းလုံးညီညွှတ်မှုပိုင်းအားနည်းခဲ့တယ်လို့လည်း ဆိုပါတယ်။ 

အက်သလက်တီကိုက ဂရစ်မန်းကိုအငှားနဲ့ခေါ်ယူရာမှာ လုပ်ခလစာအပြည့်ပေးချေသွားမှာဖြစ်ပြီး အပြီးသတ်ခေါ်ယူဖို့လည်း ပေါင် ၃၄.၄သန်းခန့် အသုံးပြုရမယ်လို့ သိရပါတယ်။ ဘာစီလိုနာကတော့ ဘဏ္ဍာရေးပိုင်းကျပ်တည်းနေချိန်မှာ ကစားသမားအတွက် မြင့်မားတဲ့လုပ်ခလစာပေးချေနေရမှုကို လျှော့ချနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ယော်ဒီအယ်လ်ဘာ၊ ပီကေး၊ ဘက်ကွက်စ်တို့လို ကစားသမားတွေကလည်း လုပ်ခလစာလျှော့ယူပေးဖို့ သဘောတူညီခဲ့လို့ အသုံးစရိတ်ပိုင်းမှာ အသက်ရှူချောင်လာခဲ့ပြီဖြစ်ပါတယ်။ 



က္က