ဒီနေ့ကစားရမယ့်ပွဲမတိုင်ခင် ပြောဆိုခဲ့တာပါ။

ဒီနေ့ညကစားရမယ့် ချန်ပီယံဆုဖလားအတွက် အဆုံးအဖြတ်ဖြစ်လာနိုင်တဲ့ပွဲမှာတော့ ဟာလန်းနဲ့ လီဝန်ဒေါစကီးတို့ ထိပ်တိုက်တွေ့ဆုံတော့မှာဖြစ်ပြီး ဘယ်သူကခြေစွမ်းပြနိုင်မလဲ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။


ဒီနေ့ညကစားရမယ့် ဒေါ့မွန်နဲ့ပွဲမတိုင်ခင်မှာ ဘိုင်ယန်မြူးနစ်နည်းပြဟန်ဆီဖလစ်က ပြိုင်ဘက်အသင်းတိုက်စစ်မှူးဟာလန်း နဲ့ လီဝန်ဒေါစကီးကို နှိုင်းယှဉ်ဖို့က စောလွန်းသေးတယ်လို့ ပြောဆိုလိုက်ပါတယ်။ ချန်ပီယံဆုဖလားအတွက် အဆုံးအဖြတ်ဖြစ်လာနိုင်တဲ့ပွဲမှာတော့ ဟာလန်းနဲ့ လီဝန်ဒေါစကီးတို့ ထိပ်တိုက်တွေ့ဆုံတော့မှာဖြစ်ပြီး ဘယ်သူကခြေစွမ်းပြနိုင်မလဲ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

နော်ဝေလူငယ်ကစားသမားဟာလန်းကတော့ ဒေါ့မွန်အတွက် ၁၃ ပွဲကစားပေးပြီးချိန်မှာ ၁၃ ဂိုးသွင်းယူထားပေးနိုင်ခဲ့ပြီး အချိန်တိုအတွင်းမှာပဲ ခြေစွမ်းပြခဲ့သူဖြစ်ပါတယ်။ လီဝန်ဒေါစကီးကတော့ ဘွန်ဒက်လီဂါရဲ့ထိပ်တန်းဂိုးသွင်းရှင်အဖြစ်ရပ်တည်နေပြီး ၂၅ ပွဲ ကစားပေးထားရာမှာ ၂၇ ဂိုးအထိသွင်းယူထားပြီး ရွှေဖိိနပ်ဆုကို ဆက်တိုက်ရယူနိုင်ဖို့ အခြေအနေကောင်းနေခဲ့ပါတယ်။ 

"ဒါက ဟာလန်းအတွက် ပထမဆုံးတစ်ရာသီပဲရှိပါသေးတယ်၊ ဒီတော့ သူ့ကို လီဝန်ဒေါစကီးနဲ့ နှိုင်းယှဉ်ဖို့က စောလွန်းပါသေးတယ်၊ ရောဘတ်က ဒီနှစ်တွေထဲမှာ ကမ္ဘာ့အဆင့်ခြေစွမ်းမျိုးကို အမြဲတမ်းပြနေသူပါ၊ ဒါပေမယ့် ဟာလန်းကလည်း အရည်အသွေးအများကြီးရှိတဲ့ ကစားသမားတစ်ဦးပါ၊ သူက လူငယ်ကစားသမားတစ်ဦးပါ"

"ဒါပေမယ့် ဂိုးတွေအများကြီးသွင်းနိုင်တဲ့စွမ်းရည် သူ့မှာရှိပါတယ်၊ အဆုံးသတ်ချင်တယ်၊ ဂိုးသွင်းဖို့အတွက် လောဘကြီးတဲ့ လူကောင်ခပ်ကြီးကြီးနဲ့ ကစားသမားပေါ့၊ ဒါပေမယ့် သူ့ကို ကျွန်တော်တို့ ဂရုစိုက်နေစရာမလိုပါဘူး" ဖလစ်ကပြောဆိုခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ ဒေါ့မွန်ကို လေးမှတ်အသာနဲ့ ဦးဆောင်နေတာဖြစ်ပြီး ပထမအကျော့မှာလည်း ဂိုးပြတ်နိုင်ပွဲရယူထားနိုင်ခဲ့ပါတယ်။

ဒေါ့မွန်အနေနဲ့ ပထမအကျော့ရှုံးကြွေးကို ပြန်လည်ဆပ်ရမယ့်အပြင် ရမှတ်ကွာဟနေမှုကို လျှော့ချပစ်ဖို့အတွက်လည်း အားထုတ်ရမှာဖြစ်ပါတယ်။ ဒေါ့မွန်ကတော့ လေဗာကူဆင်ကို အရေးနိမ့်ပြီးနောက်ပိုင်း ကစားထားခဲ့တဲ့ ၆ ပွဲလုံးကို အနိုင်ရရှိထားပြီး ပေးဂိုးကလည်း တစ်ဂိုးတည်းသာရှိခဲ့ပါတယ်။ 



က္က