ပီအက်စ်ဂျီအနေနဲ့ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါပြီ။
Win Kyaw Min

ချန်ပီယံလိဂ် ၁၆သင်းအဆင့်ပွဲစဉ်တွင် ဒေါ့မွန်အသင်းကို အနိုင်ရရှိခဲ့ပြီးနောက် နေမာအပါအဝင် ပီအက်စ်ဂျီတ စ်သင်းလုံးက ဟာလန်းရဲ့ အပြုအမူအတိုင်း အောင်ပွဲခံခဲ့တာလည်းဖြစ်ပါ တယ်။

ပီအက်စ်ဂျီအသင်းက ဒေါ့မွန်အသင်းကို အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ် ၁၆သင်းအဆင့်ဒုတိယအကျော့ပွဲစဉ်အပြီး နမာနဲ့အသင်းသားများရဲ့ အောင်ပွဲခံမှုက ပရိသတ်တွေအကြား စိတ်လှုပ်ရှားစရာအခို်က်အတံ့ဖြစ်ခဲ့ပြီး လူမှုကွန် ယက်စာမျက်နှာများပေါ်တွင် အလှုပ်ခတ်ဆုံးအခြေအနေဖြစ်ခဲ့တယ်လို့ thesun က ဖော်ပြလာပါတယ်။

ဒေါ့မွန်အသင်းအနေနဲ့ ပထမအကျော့အိမ်ကွင်းမှာ ရင်ဆိုင်ခဲ့စဉ်က ၂-၁ ဂိုးနဲ့အနိုင်ရရှိခဲ့တာဖြစ်ပြီး သွင်းဂိုးနှစ်ဂိုး လုံးရယူပေးခဲ့တဲ့ တိုက်စစ်မှူးဟာလန်းရဲ့ ယောဂကျင့်စဉ်ပုံစံအောင်ပွဲခံမှုက ပရိသတ်တွေအကြား ပုံရိပ်ကောင်း တစ်ခုဖြစ်ခဲ့ပြီး လူငယ်ကစားသမားတစ်ဦးအပေါ် ချီးကျူးမှုများမြင့်တက်ခဲ့တာလည်းဖြစ်ပါတယ်။



ဒုတိယအကျော့ပွဲစဉ်အပြီးမှာတော့ ပီအက်စ်ဂျီအသင်းက ၂-၀ ဂိုးဖြင့် တဖန်ပြန်လည်အနိုင်ရရှိခဲ့တဲ့အတွက် နေ မာဦးဆောင်တဲ့ ပီအက်စ်ဂျီကစားသမားအစုအဖွဲ့က ဟာလန်းရဲ့ ယောဂကျင့်စဉ်ပုံစံအတိုင်း အောင်ပွဲခံခဲ့တဲ့အ တွက် အခုလိုလှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့တာလည်းဖြစ်ပါတယ်။

နေမာအနေနဲ့ ဟာလန်းရဲ့အောင်ပွဲခံမှုကို တုပခဲ့တဲ့အပြင် ပီအက်စ်ဂျီအသင်းရဲ့ကွင်းမှာ သွင်းဂိုးတစ်ဂိုးမှမရရှိခဲ့ခြ င်းကိုပါ လက်သင်္ကေတဖြင့် ပြုမူအောင်ပွဲခဲခဲ့တာဖြစ်ပြီး လူမှုကွန်ယက်စာမျက်နှာတွေမှာအပြင် ပရိသတ်အကြား မှာပဲ လူပြောများတဲ့ အခြေအနေတစ်ရပ်ဖြစ်လာခဲ့ပြီး “ တိုက်စစ်မှူးဟာလန်းဆိုတာ ဒီလိုမျိုးလားလို့ ” မေးခွန်း ထုတ်မှုများပါရှိလာခဲ့ပါတယ်။

ဆက်စပ်မှတ်တမ်းတွေအရ ပီအက်စ်ဂျီနည်းပြတူချယ်လ်အနေနဲ့လည်း အသင်းဟောင်းဒေါ့မွန်ကိုအကောင်းဆုံး တုံ့ပြန်နိုင်ခဲ့တဲ့အတွက် ပရိသတ်အများစုရဲ့ထောက်ခံအားပေးမှုကိုရရှိခဲ့ပြီး နှစ်ကျော့ပေါင်း ၃-၂ ရလဒ်နဲ့ကွာတား ဖို်င်နယ်တက်ရောက်နိုင်ခဲ့ခြင်းအတွက်လည်း အသင်းပိုင်ရှင်ရဲ့ ချီးကျူးမှုကို လက်ခံရရှိခဲ့တယ်လို့ပြင်သစ်မီဒီယာ အများစုက ဖော်ပြနေခဲ့ကြပါတယ်။


က္က