လီဗန်တေးနဲ့ပွဲမှာ ရခဲ့တာပါ။
Kyaw Ko Ko Sint

၃လအတွင်း တူညီတဲ့ ဒဏ်ရာကို ဒုတိယအကြိမ်ထပ်မံရရှိခဲ့တာပါ။

ခြေဖဝါးရိုးကျိုး ဒဏ်ရာကို ခွဲစိတ်ကုသခဲ့တဲ့ ရီးရဲ တိုက်စစ်မှူး ဟာဇက်ရဲ့ အခြေအနေ အောင်မြင်စွာ ကုသနိုင်ခဲ့ပြီ လို့ BBC SPORT သတင်းဌာနက ဖော်ပြလာပါတယ်။



ဖေဖော်ဝါရီ ၂၃ မှာ ကစားခဲ့တဲ့ လီဗန်တေးအသင်းနဲ့ပွဲမှာ အဆိုပါ ဒဏ်ရာကို ရရှိခဲ့တာ ဖြစ်ပြီး ဒါဟာ ဟာဇက်အတွက် ၃လအတွင်း ဒုတိယအကြိမ်မှာ တူညီတဲ့ ဒဏ်ရာရရှိခြင်းလည်း ဖြစ်ပါတယ်။

“အခုချိန်မှာတော့ ပြန်လည်သန်စွမ်းရေး မလုပ်နိုင်သေးပေမယ့် ကုသမှုအပိုင်းတွေအကောင်းဆုံး ဆက်လက် ပြုလုပ်နိုင်ပါပြီ။”လို့ ရီးရဲအသင်းက တရားဝင် သတင်းထုတ်ပြန်ပါတယ်။

ဟာဇက်ကတော့ ရီးရဲအသင်းကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၅၀နဲ့ ချဲလ်ဆီးအသင်းကနေ မနှစ်က နွေရာသီမှာ ပြောင်းရွှေ့ရောက်ရှိခဲ့တာပါ။

ဒါပေမယ့်လည်း ရောက်ရှိချိန်ကတည်းက ဒဏ်ရာတွေနဲ့ နပန်းလုံးနေရပြီး အသင်းအတွက် ဒီရာသီမှာ ၁၅ပွဲသာ ပါဝင် ကစားပေးထားနိုင်သလို တစ်ဂိုးသာ သွင်းယူပေးထားနိုင်ပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က