အီဒင်ဟာဇက်ရဲ့ညီ သော်ဂန်ဟာဇက်ကို ခေါ်ယူနိုင်တော့မှာပါ။
Pyae Phyo Thein

ဂလာဘတ်အတွက် ဒီရာသီမှာ သော်ဂန်က အမှတ်ပေးပွဲ (၃၀)အထိ ကစားပေးထားခဲ့ပြီးတော့ (၉)ဂိုးသွင်းကာ (၁၀)ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်အသင်းဟာ မိုချန်ဂလာဘတ်အသင်းရဲ့ တိုက်စစ်ကစားသမား သော်ဂန်ဟာဇက်နဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့တယ်လို့ သိရပါတယ်။ သော်ဂန်ဟာဇက်ဟာ ဂလာဘတ်အသင်းရဲ့ အကောင်းဆုံးကစားသမားတစ်ဦးဖြစ်ပြီး ဥရောပထိပ်တန်းအသင်းတချို့က စိတ်ဝင်စားနေချိန်မှာ ဒေါ့မွန်က လက်ဦးမှုရယူခဲ့တာ ဖြစ်ပါတယ်။

ယ်လ်ဂျီယံလက်ရွေးစင်ကစားသမားဟာ ချယ်လ်ဆီးကစားသမား အီဒင်ဟာဇက်ရဲ့ ညီဖြစ်ပြီး လက်ရွေးစင်အသင်းမှာ ညီအစ်ကိုနှစ်ဦးအတူတူ တွဲဖက်ကစားနေကြတာလည်း ဖြစ်ပါတယ်။ ဂလာဘတ်အတွက် ဒီရာသီမှာ သော်ဂန်က အမှတ်ပေးပွဲ (၃၀)အထိ ကစားပေးထားခဲ့ပြီးတော့

(၉)ဂိုးသွင်းကာ (၁၀)ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

အသက်(၂၆)နှစ်အရွယ် ကစားသမားကလည်း ရာသီကုန်မှာ ဂလာဘတ်ကထွက်ခွာဖို့ ဆန္ဒရှိနေခဲ့ပြီး ဒေ့ါမွန်နဲ့ ဆွေးနွေးမှုတွေအပြီးမှာ ပုဂ္ဂိုလ်ရေးသဘောတူညီချက်ရရှိခဲ့တာဖြစ်ပါတယ်။ Goal.com ရဲ့ သတင်းထောက်တစ်ဦးဖြစ်တဲ့ ရိုနန်မာဖီက သူ့ရဲ့ တွစ်တာမှာ ဖော်ပြခဲ့တာ

ဖြစ်ပြီး မာဖီရဲ့ ဖော်ပြချက်ကို ကိုးကားပြီး 90 min က ပြန်လည်ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

"ဒေါ့မွန်နဲ့ ကျွန်တော်ဆွေးနွေးပြီးပါပြီ၊ အခုက ကလပ်အသင်းနှစ်သင်းကြားမှာ ဆွေးနွေးရတော့မယ့် အချိန်ပါပဲ၊ အခု သူတို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါပြီ၊ ဒေါ့မွန်နဲ့ ကျွန်တော် ပုဂ္ဂိုလ်ရေးသဘောတူညီချက် ရယူခဲ့ပြီးပါပြီ" လို့ သော်ဂန်ဟာဇက်က ပြောဆိုခဲ့တယ်လို့ မာဖီက ရေးသားဖော်ပြခဲ့ပါတယ်။

သော်ဂန်ဟာဇက်ကို လီဗာပူးလ်ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့သေးပါတယ်။ ဒါပေမယ့် လီဗာပူးလ်ဘက်က တရားဝင်ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့ခြင်းမရှိပဲ ဒေါ့မွန်ကသာ အလေးအနက်ထားချိတ်ဆက်ခဲ့တာဖြစ်ပြီး သဘောတူညီမှုကို ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က