ရော်နယ်ဒို မိတ်ဆက်ပွဲမှာ ပရိသတ်ပေါင်း (၇၀၀၀၀)ထိ တက်ရောက်ခဲ့ပါတယ်။

၂၀၀၉ ခုနှစ်မှာ ရော်နယ်ဒိုက ရီးရဲလ်မက်ဒရစ်ကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ မန်ချက်စတာယူနိုက်တက်အသင်းကနေ ပြောင်းရွှေ့လာခဲ့ပြီးနောက် သူ့ရဲ့မိတ်ဆက်ပွဲအခမ်းအနားကို ကြီးကြီးမားမားကျင်းပခဲ့ပါတယ်။


ရီးရဲလ်မက်ဒရစ်အသင်းဟာ အီဒင်ဟာဇက်ရဲ့ ကြိုဆိုမိတ်ဆက်ပွဲအခမ်းအနားကို ရော်နယ်ဒိုကို ခေါ်ယူခဲ့စဉ်ကထက် ကြီးကျယ်ခမ်းနားစွာ ကျင်းပသွားဖို့ စီစဉ်ထားတယ်လို့ စပိန်သတင်းစာ Marca ရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ ချယ်လ်ဆီးကနေ ပြောင်းရွှေ့လာမယ့် ဟာဇက်ရဲ့ မိတ်ဆက်ပွဲကို ဒီနေ့မှာ ပြုလုပ်သွားမယ်လို့လည်း သိရပါတယ်။



၂၀၀၉ ခုနှစ်မှာ ရော်နယ်ဒိုက ရီးရဲလ်မက်ဒရစ်ကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ မန်ချက်စတာယူနိုက်တက်အသင်းကနေ ပြောင်းရွှေ့လာခဲ့ပြီးနောက် သူ့ရဲ့မိတ်ဆက်ပွဲအခမ်းအနားကို ကြီးကြီးမားမားကျင်းပခဲ့ပါတယ်။ အဆိုပါပွဲကို ပရိသတ်ပေါင်း (၇၀၀၀၀) နီးပါး တက်ရောက်ခဲ့ကြပြီး ရော်နယ်ဒိုကို ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။

မနေ့ကညနေပိုင်းမှာ ရီးရဲလ်က အသစ်ခေါ်ယူထားတဲ့ တိုက်စစ်မှူးလူကာဂျိုဗစ်ကို မိတ်ဆက်ပွဲပြုလုပ်ခဲ့ပြီးနောက် ဒီနေ့မှာ ဟာဇက်ရဲ့ မိတ်ဆက်ပွဲကို ထပ်မံပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဟာဇက်ရဲ့ ကြိုဆိုမိတ်ဆက်ပွဲကို ထူးထူးခြားခြားဖြစ်အောင် ရီးရဲလ်တာဝန်ရှိသူတွေက စီစဉ်ထားတယ်လို့ သိရပြီး ဘယ်လိုပုံစံမျိုးနဲ့ ကြိုဆိုနှုတ်ဆက်သွားမလဲဆိုတာ စိတ်လှုပ်ရှားစရာကောင်းနေပါတယ်။

ဒီနေ့ည ဒေသစံတော်ချိန် (ရး၀၀)နာရီမှာ ပြုလုပ်သွားမှာဖြစ်ပြီး ပရိသတ်အများအပြား လာရောက်ကြမယ်လို့ ရီးရဲလ်အသင်းက မျှော်လင့်နေပြီး ရော်နယ်ဒိုရဲ့ မိတ်ဆက်ပွဲထက် ပိုမိုကြီးကျယ်ခမ်းနားမယ်လို့လည်း ယုံကြည်နေကြပါတယ်။ ဟာဇက်ကတော့ ချယ်လ်ဆီးကနေ ရီးရဲလ်ကို ပေါင် (၈၈)သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ စွမ်းဆောင်ရည်အရ အပိုဆုကြေးပေးချေရမယ်လို့ သဘောတူညီထားပြီး ချယ်လ်ဆီးက ပေါင်သန်း (၁၃၀)အထိ ရရှိဖွယ်ရှိနေပါတယ်။


ယူရို ၂၀၂၀ခြေစစ်ပွဲတွေကို ဘယ်လ်ဂျီယံအသင်းအတွက် ကစားပေးပြီးနောက်မှာ ဟာဇက်က ရီးရဲလ်မက်ဒရစ်နဲ့ တရားဝင်စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပြီး အသင်းပရိသတ်တွေနဲ့ မိတ်ဆက်သွားမှာဖြစ်ပါတယ်။ အသက် (၂၈)နှစ်အရွယ် ဘယ်လ်ဂျီယံတိုက်စစ်အားသန်ကစားသမားဟာ ရီးရဲလ်အသင်းသမိုင်းတစ်လျှောက် တန်ဖိုးအကြီးဆုံးပေးချေခေါ်ယူခဲ့တဲ့ ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သူ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က