ကနဦး ကမ်းလှမ်းမှုပြုလုပ်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။
Kg Htet

ရီးရဲမက်ဒရစ်အသင်းဟာ ချယ်ဆီးအသင်းကြယ်ပွင့်တောင်ပံကစားသမား အီဒင်ဟာဇက်ကို ပြောင်းရွှေ့ကြေးပေါင်သန်း ၇၀ နဲ့ ကမ်းလှမ်းသွားမယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။

ချယ်ဆီးအသင်းက ယင်းကမ်းလှမ်းမှုကို ပယ်ချမယ်ဆိုတာ ရီးရဲမက်ဒရစ်အသင်းက သိနှင့်ပြီးသားဖြစ်ပြီး ယခုပြုလုပ်မယ့်ကမ်းလှမ်းမှုဟာ ဟာဇက်ကို ခေါ်ယူလိုကြောင်း အစပျိုးထားခြင်းသာ ဖြစ်တယ်လို့ သိရပါတယ်။ ရီးရဲမက်ဒရစ်အသင်းကိုယ်စားလှယ်တွေဟာ လန်ဒန်ကို လာရောက်ပြီး အီဒင်ဟာဇက်နဲ့ အပြောင်းအရွှေ့ကိစ္စ ဆွေးနွေးပြောဆိုမှုတွေတောင် ပြုလုပ်ခဲ့ပြီးပြီဖြစ်ပါတယ်။



ယခုကမ်းလှမ်းမှုဟာ ဘာနေဗျူးကို ဟာဇက်ရောက်ရှိလာဖို့ ရီးရဲမက်ဒရစ်အသင်း လုပ်ဆောင်မယ့် လုပ်ငန်းစဉ်ရဲ့အစပိုင်းဖြစ်ပြီး အပြောင်းအရွှေ့သာအမှန်တကယ်ဖြစ်မြောက်ခဲ့မယ်ဆိုရင် ရီးရဲမက်ဒရစ်အသင်းကို ဒုတိယအကြိမ် ပြန်လည်ကိုင်တွယ်တဲ့ နည်းပြဇီဒန်းအတွက်ခေါ်ယူနိုင်ခဲ့တဲ့ ပထမဆုံးထိပ်တန်းကစားသမားဖြစ်လာမှာ ဖြစ်ပါတယ်။

ရီးရဲမက်ဒရစ်အသင်းဟာ ယမန်နေ့က ပေါ်တိုလူငယ်ကြယ်ပွင့် အီဒါမီလီတာအိုကို ပေါင် ၄၅ သန်းနဲ့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း အသင်းရဲ့တရားဝင်ဝက်ဘ်ဆိုက်မှာ ကြေညာခဲ့ပြီး ဒုတိယမြောက် ကမ်းလှမ်းမှု ပြုလုပ်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

ယမန်နေ့ညက ယူရိုပါလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်မှာ ဒိုင်နမိုကိဗ်အသင်းအိမ်ကွင်းမှာ ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ ချယ်ဆီးအသင်းဟာ ၎င်းတို့ရဲ့ကြယ်ပွင့်ကစားသမားကို လက်လွှတ်ရတော့မယ်ဆိုတာကို လက်ခံထားပါတယ်။

အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အီဒင်ဟာဇက်ဟာ နည်းပြဇီဒန်းရဲ့လက်အောက်မှာ ကစားလိုတဲ့ဆန္ဒရှိနေသူဖြစ်ပြီး ချယ်ဆီးအသင်းရဲ့သမိုင်းတလျှောက် လစာအမြင့်မားဆုံးကစားသမားဖြစ်လာစေမယ့် စာချုပ်သစ် ချုပ်ဆိုဖို့ကမ်းလှမ်းမှုကို အကြိမ်ကြိမ်ပယ်ချခဲ့သူဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က