တောင်အမေရိကရဲ့ ဂိုးသွင်းအများဆုံးဖြစ်လာခဲ့ပါတယ်။

ဒီနေ့မနက်ပိုင်းမှာ ကစားခဲ့တဲ့ ဘိုလီဗီးယားနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ မက်ဆီက အာဂျင်တီးနားအတွက် ၃ ဂိုးအထိသွင်းယူခဲ့ကာ နိုင်ပွဲရယူပေးခဲ့ပါတယ်။ ဒီပွဲမတို်င်ခင် အာဂျင်တီးနားပရိသတ်တွေရှေ့မှာ ကိုပါအမေရိကဖလားကို ကိုင်မြှောက်ကာ အောင်ပွဲခံခဲ့တဲ့ မက်ဆီဟာ ပီလီရဲဲ့ တောင်အမေရိကဂိုးသွင်းအများဆုံးစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပြီး စုစုပေါင်း ၇၉ ဂိုးအထိ ရရှိသွားခဲ့ပြီဖြစ်ပါတယ်။

အသက် ၃၄ နှစ်အရွယ် အာဂျင်တီးနားတိုက်စစ်မှူးဟာ နိုင်ငံအသင်းအတွက် ကိုပါအမေရိကဖလားပြိုင်ပွဲကစကာ တောက်လျှောက်ခြေစွမ်းပြနေခဲ့တာလည်းဖြစ်ပါတယ်။ လက်ရွေးစင်ကစားသမားဘဝမှာ ပထမဆုံးအကြိမ်အဖြစ် ကိုပါအမေရိကဖလားကို ရယူနိုင်ခဲ့ပြီး ပီလီရဲ့စံချိန်ကိုပါ ကျော်ဖြတ်နိုင်ခဲ့လို့ မက်ဆီအတွက်တော့ ၂၀၂၁ ခုနှစ်က စိတ်ကျေနပ်စရာတွေဖြစ်ခဲ့ရပြီး အောင်မြင်တဲ့နှစ်လို့လည်း ဆိုရတော့မှာပါ။ 


မက်ဆီက အသင်းအတွက် ၁၄ မိနစ် နဲ့ ၆၅ နဲ့ ၈၉ မိနစ်တွေမှာ သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်အတွင်း လက်ရွေးစင်အသင်းအတွက် ၈ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ၂၀၁၇ နောက်ပိုင်း ဂိုးအများဆုံးပြန်သွင်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ၂၀၁၂ မှာ အာ၈ျင်တီးနားအတွက် မက်ဆီက ၁၂ ဂိုးအထိ သွင်းယူပြီး ဂိုးအများဆုံးရတဲ့နှစ်ဖြစ်ခဲ့ကာ ဒီနှစ်မှာ အဆိုပါစံချိန်ကို လိုက်မီနိုင်မယ့် အခွင့်အရေးမျိုးကိုလည်း ပိုင်ဆိုင်ခဲ့ပြီဖြစ်ပါတယ်။ 

အောက်တိုဘာလအတွင်းမှာ ပါရာဂွေး၊ ဥရုဂွေး နဲ့ ပီရူး၊ နိုဝင်ဘာလမှာ ဥရုဂွေး၊ ဘရာဇီးလ်တို့နဲ့ ကစားရဖို့ရှိနေပြီး တစ်ပွဲကိုတစ်ဂိုးနှုန်းသွင်းယူနိုင်ခဲ့မယ်ဆိုရင် အဆိုပါစံချိန်ကို လိုက်မီမှာလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ တောင်အမေရိကတိုက်ရဲ့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် မက်ဆီက နာမည်ကျော်ကစားသမားတွေကို ကျော်ဖြတ်ကာရပ်တည်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ခြေစစ်ပွဲအုပ်စုရပ်တည်မှုမှာတော့ အာဂျင်တီးနားက ၈ ပွဲကစားအပြီး ရှုံးပွဲမရှိသေးဘဲ ၁၈ မှတ်နဲ့ ဘရာဇီးလ်နောက် ဒုတိယနေရာမှာရှိနေပါတယ်။ 



က္က