အပြင်းအထန်ဝေဖန်ခံနေရပြီလည်းဖြစ်ပါတယ်။
Pyae Phyo Thein

ပေါင် ၁၃၀၀ စီ ဒဏ်ရိုက်ခံခဲ့ရပြီး အဆိုပါဒဏ်ကြေးငွေကို ကလပ်အသင်း၊ နိုင်ငံအသင်းတွေက ကိုယ်စားပေးဆောင်ခွင့်မရှိဘဲ ကိုယ်တိုင်ပေးဆောင်ခဲ့ရတယ်လို့ သိရကာ လူငယ်ကစားသမားနှစ်ဦးအတွက်တော့ သင်ခန်းစာယူစရာဖြစ်ခဲ့ရပါတယ်။


အင်္ဂလန်လက်ရွေးစင်ကစားသမားတွေဖြစ်တဲ့ ဖီးလ်ဖိုဒန်နဲ့ ဂရင်းဝုဒ်တို့ဟာ အိုက်စလန်ကို အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ အသင်းတည်းခိုရာဟိုတယ်ကို အမျိုးသမီးတွေလာရောက်ဖို့အတွက် ဖိတ်ခေါ်ခဲ့ပြီး တားမြစ်ထားတဲ့ စည်းမျဉ်းတွေကိုချိုးဖောက်ခဲ့တာကြောင့် အိမ်ပြန်ပို့ခံခဲ့ရပြီဖြစ်ကာ အပြင်းအထန်ဝေဖန်မှုတွေကိုလည်း ခံနေရပြီဖြစ်ပါတယ်။ 

အသက် ၂၀ နဲ့ အသက် ၁၈ နှစ်အရွယ်သာရှိသေးတဲ့ လူငယ်ကစားသမားနှစ်ဦးဟာ ပြီးခဲ့တဲ့ရာသီက မန်ချက်စတာဒါဘီအသင်းတွေမှာ ကိုယ်စီခြေစွမ်းပြခဲ့သူတွေဖြစ်ပါတယ်။ ဒါကြောင့် အင်္ဂလန်နည်းပြဆောက်ဂိတ်က လူငယ်တွေဖြစ်ပေမယ့် အသင်းကြီးအတွက် ရွေးချယ်ခေါ်ယူခဲ့ပြီး အိုက်စလန်နဲ့ပွဲမှာ နှစ်ဦးစလုံး ကစားခွင့်ရရှိခဲ့ပါတယ်။

ဒါပေမယ့် ဒီကစားသမားတွေဟာ တည်းခိုရာဟိုတယ်အခန်းအတွင်းကနေ အိုက်စလန်အမျိုးသမီးနှစ်ဦးကို လာရောက်ဖို့ ဖိတ်ခေါ်ခဲ့မှုတွေက လူမှုကွန်ရက်ပေါ်မှာ ထွက်ပေါ်လာခဲ့ပြီးနောက် အသင်းလူစာရင်းကနေ ထုတ်ပယ်ခံခဲ့ရပြီး လက်ရှိမှာတော့ မန်ချက်စတာကို ပြန်လည်ရောက်ရှိနေပြီဖြစ်ကာ သူတို့နှစ်ဦးအတွက် သီးသန့်လေယာဉ်စီစဉ်ပေးခဲ့ရဖွယ်ရှိတယ်လို့ သိရပါတယ်။ 

ကစားသမားတွေအနေနဲ့လည်း ကိုဗစ်နဲ့ပတ်သက်ပြီး အိုက်စလန်ကချမှတ်ထားတဲ့ စည်းကမ်းတွေကိုချိုးဖောက်ခဲ့လို့ ပေါင် ၁၃၀၀ စီ ဒဏ်ရိုက်ခံခဲ့ရပြီး အဆိုပါဒဏ်ကြေးငွေကို ကလပ်အသင်း၊ နိုင်ငံအသင်းတွေက ကိုယ်စားပေးဆောင်ခွင့်မရှိဘဲ ကိုယ်တိုင်ပေးဆောင်ခဲ့ရတယ်လို့ သိရကာ လူငယ်ကစားသမားနှစ်ဦးအတွက်တော့ သင်ခန်းစာယူစရာဖြစ်ခဲ့ရပါတယ်။

ဂရင်းဝုဒ်ကတော့ သူ့ရဲ့တွစ်တာအကောင့်ကို ဖျက်သိမ်းသွားခဲ့ပြီဖြစ်သလို ဖိုဒန်ကလည်း သူတို့ရဲ့အမှားအတွက် တောင်းပန်ပေးဖို့ ရေးသားပြောဆိုခဲ့ပါတယ်။ နည်းပြဆောက်ဂိတ်ကလည်း ဒီကစားသမားနှစ်ဦးရဲဲ့လုပ်ရပ်အပေါ် ဒေါသထွက်နေခဲ့ပြီး မန်ချက်စတာညီနောင်နှစ်ဦးဟာ လက်ရွေးစင်အသင်းကြီးအတွက် ကစားခွင့်ကို ပြန်လည်ရရှိဖို့က ခက်ခဲမယ့်အနေအထားကို ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။ 


Author


က္က