ရီးရဲလ်အသင်းသားဟောင်း အဒီဘာယောက ဖွင့်ပြောခဲ့တာပါ။

အဝတ်လဲခန်းအတွင်းမှာ ကြုံတွေ့ခဲ့ရတဲ့ မော်ရင်ဟိုရဲ့ ဆူပူသောင်းကျန်းမှုကို အဒီဘာယောက မြင်တွေ့ခဲ့ပြီးတော့ အခုအခါမှာ ပြန်လည်ဖောက်သည်ချသွားခဲ့တာလည်း ဖြစ်ပါတယ်။

အာဆင်နယ်နဲ့ တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ တိုက်စစ်မှူးဟောင်း အဒီဘာယောက ရီးရဲလ်မှာ အငှားကစားသမားဘဝနဲ့ သွားရောက်ကစားခဲ့တုန်းက မော်ရင်ဟိုရဲ့ ကစားသမားတွေအပေါ် ပြုလုပ်ခဲ့တဲ့ အပြုအမူတွေကို ဝေဖန်ပြောဆိုသွားခဲ့ပါတယ်။ အဒီဘာယောက မော်ရင်ဟိုဟာ ကစားသမားတွေရဲ့ စိတ်ဓာတ်ကို နင်းချေဖျက်စီးပစ်ခဲ့တယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။



တိုဂိုလက်ရွေးစင်ဟောင်းဟာ ၂၀၁၀-၁၁ ဘောလုံးရာသီတုန်းက ရီးရဲလ်မှာ ရာသီဝက်အငှားကာလနဲ့ ကစားခဲ့သူဖြစ်ပြီး မော်ရင်ဟိုနဲ့ တွေ့ဆုံခဲ့ပါတယ်။ အသင်းရဲ့ အဝတ်လဲခန်းအတွင်းမှာ ကြုံတွေ့ခဲ့ရတဲ့ မော်ရင်ဟိုရဲ့ ဆူပူသောင်းကျန်းမှုကို အဒီဘာယောက မြင်တွေ့ခဲ့ပြီးတော့ အခုအခါမှာ ပြန်လည်ဖောက်သည်ချသွားခဲ့တာလည်း ဖြစ်ပါတယ်။

"ကျွန်တော် ရီးရဲလ်မှာတုန်းက ကစားခဲ့တဲ့ ပွဲတစ်ပွဲမှာဆိုရင် ပထမပိုင်းမှာပဲ ကျွန်တော်တို့က ၃-၀ နဲ့ အနိုင်ရခဲ့တာပါ၊ ဒါပေမယ့် အဝတ်လဲခန်းထဲမှာတော့ မော်ရင်ဟိုက ဒေါသူပုန်ထနေခဲ့ပြီးတော့ ရေခဲသေတ္တာကိုကန်ကျောက်တယ်၊ တီဗီကို ပိတ်ကန်ပြီး ရေဗူးတွေကို လွှင့်ပစ်ခဲ့ပါတယ်၊ သူက ကစားသမားအားလုံးကို သတ်ခဲ့သလိုပါပဲ၊ ရော်နယ်ဒိုက ဟက်ထရစ်သွင်းခဲ့တာတောင်မှ သူက ရော်နယ်ဒိုကို ကြိမ်းမောင်းခဲ့တယ်ဆိုတာကို ကျွန်တော်မှတ်မိပါတယ်"

"သူက ရော်နယ်ဒိုကို လူတိုင်းက မင်းကိုကမ္ဘာ့အကောင်းဆုံးလို့ ပြောနေကြတယ်၊ မင်းကစားတာ တော်တော်လေးဆိုးရွားနေတယ်၊ မင်းက အကောင်းဆုံးကစားသမားဆိုတာ ငါ့ကို ပြစမ်းပါလို့ သူက ပြောခဲ့တာပါ၊ ရော်နယ်ဒိုက ဒါတောင်မှ ဟက်ထရစ်သွင်းခဲ့တာပါ၊ ဒါပေမယ့် သူရဲ့ လွဲချော်မှုတစ်ခုအတွက် အပြောခံခဲ့ရတာပါ" လို့ အဒီဘာယောက ဖွင့်ဟခဲ့တယ်လို့ Goal.com က ဖော်ပြခဲ့ပါတယ်။

အဒီဘာယောက လေ့ကျင့်ခန်းအစီအစဉ်တွေမှာ ရော်နယ်ဒိုရဲ့ အားထုတ်မှုတွေကိုလည်း အခုလိုပြောခဲ့ပါတယ်။ "သူနဲ့ အတူတူလေ့ကျင့်ခဲ့ရပါတယ်၊ သူ့အတွက်ကတော့ ကလေးတွေနဲ့ လေ့ကျင့်နေသလိုပါပဲ၊ နောက်ကျောနဲ့ ဘောလုံးပေးတယ်၊ သူ့ရဲ့ လည်ဂုတ်နဲ့ ဘောလုံးကို ထိန်းချုပ်ပြခဲ့ပြီး မဖြစ်နိုင်စရာ စွမ်းဆောင်ရည်တွေကို လုပ်ပြခဲ့တာပါ"

"Gym ကစားတဲ့အခါမှာ ကျွန်တော်နဲ့ ရာမို့စ်က အသန်မာဆုံးပါ၊ ဒါပေမယ့် သူရောက်လာချိန်မှာတော့ သူက ကျွန်တော်တို့လုပ်တာထက် (၆)ဆလောက်ကို လုပ်ပြနိုင်ခဲ့ပါတယ်" လို့ အဒီဘာယောက ထပ်ပြောခဲ့ပါတယ်။ အဒီဘာယောကတော့ ရီးရဲလ်အငှားကစားသမားဘဝမှာ ပွဲပေါင်း (၂၂)ပွဲ ကစားခွင့်ရရှိခဲ့ပြီး (၈)ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။ လက်ရှိမှာ အဒီဘာယောက တူရကီကလပ် အစ္စတန်ဘူလ်ဘဆာဆီဟာအသင်းမှာ ကစးနေပြီး (၇၄)ပွဲကစားအပြီးမှာ (၂၈)ဂိုးသွင်းကာ (၈)ကြိမ် ဂိုးဖန်တီးပေးထားနိုင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က