နောက်ထပ်တစ်ဂိုးလောက် သွင်းခဲ့သင့်တယ်လို့ ပြောခဲ့တာပါ။

စတာလင်က ဒီရာသီမှာ အသင်းအတွက် သွင်းဂိုး ၁၂ဂိုးအထိ ရယူပေးနိုင်ခဲ့ပြီဖြစ်ပြီး ချန်ပီယံလိဂ်မှာ ပထမဆုံးဟက်ထရစ်ကို ပိုင်ဆိုင်သွားခဲ့ပါတယ်။


မန်စီးတီးအသင်းနည်းပြဂွာဒီယိုလာက အတ္တလန္တာနဲ့ပွဲမှာ အသင်းအတွက် ဟက်ထရစ်သွင်းယူပေးခဲ့တဲ့ စတာလင်အနေနဲ့ ဒီထက်မက ဂိုးပိုရရှိခဲ့သင့်တယ်လို့ ပွဲအပြီးမှာ ပြောဆိုသွားခဲ့ပါတယ်။ မန်စီးတီးက ၅-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ အဂူရိုက နှစ်ဂိုးနဲ့ စတာလင်က သုံးဂိုးသွင်းယူခဲ့ပြီး ကြီးမားတဲ့ဂိုးပြတ်နိုင်ပွဲကို ရရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း Metro သတင်းဌာနကတော့ ဂွာဒီယိုလာက စတာလင်ရဲ့ သွင်းဂိုးရရှိမှုက နည်းပါးခဲ့တယ်လို့ ယူဆခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။ ဂွာဒီယိုလာလက်ထက်မှာ ခြေစွမ်းပိုင်းတော်တော်လေးတိုးတက်မှုရှိလာခဲ့တဲ့ စတာလင်က ဒီရာသီမှာ အသင်းအတွက် သွင်းဂိုး ၁၂ဂိုးအထိ ရယူပေးနိုင်ခဲ့ပြီဖြစ်ပြီး ချန်ပီယံလိဂ်မှာ ပထမဆုံးဟက်ထရစ်ကို ပိုင်ဆိုင်သွားခဲ့ပါတယ်။

"သူက တကယ်ကို ကောင်းမွန်ခဲ့ပါတယ်၊ ဒါပေမယ့် သူ နောက်ထပ်တစ်ဂိုးလောက်ထပ်သွင်းနိုင်ခဲ့ပါတယ်၊ ဒါပေမယ့်လည်း ဘောလုံးမရှိချိန်မှာတော့ ဘာမှလုပ်လို့မရပါဘူး၊ သူ့အတွက် အကူအညီအများကြီးလိုအပ်ပါတယ်" လို့ BT Sports နဲ့တွေ့ဆုံမှုမှာ ဂွာဒီယိုလာက ပြုံးပြုံးရွှင်ရွှင်နဲ့ ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

စတာလင်ကလည်း ဂွာဒီယိုလာရဲ့ ပြောဆိုမှုအပေါ်မှာ သဘောတူလက်ခံခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း သူ့အနေနဲ့ ကိုယ်တိုင်ဂိုးသွင်းဖို့ထက် မာရက်ဇ်ဂိုးသွင်းနိုင်ဖို့ ဖန်တီးပေးခဲ့ရတဲ့အကြောင်းကိုလည်း ရှင်းပြသွားခဲ့ပါတယ်။ "ကျွန်တော် လေးဂိုးလောက်ရခဲ့သင့်တာပါ၊ ဒါပေမယ့်လည်း ကျွန်တော့်ရဲ့နောက်ဆုံးသွင်းဂိုးအတွက် မာရက်ဇ်က ဖန်တီးပေးခဲ့ပါတယ်၊ ဒီနောက်မှာ သူ့အတွက် ဖန်တီးပေးဖို့ကို ကျွန်တော်ဦးစားပေးခဲ့ပါတယ်" လို့ စတာလင်က ပြောဆိုသွားခဲ့ပါတယ်။



က္က