လိဂ်ပွဲတေါပြန်စချိန်မှာ ပထမဆုံးဟက်ထရစ်ရှင်ဖြစ်ခဲ့တာပါ။
Pyae Phyo Thein

လိုက်ဇစ်အတွက် ဟက်ထရစ်သွင်းယူခဲ့တဲ့ တိုက်စစ်မှူးတီမိုဝါနာဟာလည်း ဘွန်ဒက်လီဂါပွဲတွေပြန်လည်စတင်ချိန်မှာ ဟက်ထရစ်သွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။


မနေ့ညက ကစားခဲ့တဲ့ မိန့်ဇ် နဲ့ လိုက်ဇစ်တို့ရဲ့ပွဲမှာတော့ အဝေးကွင်းမှာ လိုက်ဇစ်က ၅ဂိုးပြတ်နဲ့ နိုင်ပွဲရရှိသွားခဲ့ပါတယ်။ ဒီနိုင်ပွဲနဲ့အတူ လိုက်ဇစ်ဟာ အဆင့် ၃ နေရာကို တက်လှမ်းနိုင်ခဲ့ပြီး ဘိုင်ယန်မြူးနစ်နဲ့ ဒေါ့မွန်တို့ ခြေချော်ခဲ့မယ်ဆိုပါက အမှတ်ပေးဖလားအတွက် အခွင့်အရေးရယူဖို့ အသင့်ဖြစ်နေတဲ့ အနေအထားမှာရှိနေတယ်ဆိုတာကို ပြသသွားခဲ့ပါတယ်။

လိုက်ဇစ်အတွက် ဟက်ထရစ်သွင်းယူခဲ့တဲ့ တိုက်စစ်မှူးတီမိုဝါနာဟာလည်း ဘွန်ဒက်လီဂါပွဲတွေပြန်လည်စတင်ချိန်မှာ ဟက်ထရစ်သွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ပထမအကျော့မှာတုန်းကလည်း မိန့်ဇ်ကို ဟက်ထရစ်သွင်းယူထားတာကြောင့် ၀ါနာဟာ ၁၉၉၈-၉၉ ဘောလုံးရာသီနောက်ပိုင်း တူညီတဲ့အသင်းတစ်သင်းတည်းကို တစ်ရာသီအတွင်း နှစ်ကျော့စလုံး ဟက်ထရစ်သွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားလည်းဖြစ်လာခဲ့ပါတယ်။ 

၀ါနာရဲ့ ဘွန်ဒက်လီဂါသွင်းဂိုးကလည်း ၂၄ ဂိုးအထိရှိလာခဲ့ပြီဖြစ်ကာ ကစားသမားဘဝတစ်လျှောက် တစ်ရာသီအတွင်းလိဂ်ဂိုးအများဆုံးသွင်းယူနိုင်တဲ့ စံချိန်မှာ သွင်းဂိုးတွေထပ်မံပေါင်းစပ်နိုင်ခဲ့ပါတယ်။ ဒီရာသီမှာ လိုက်ဇစ်အသင်းရရှိထားခဲ့တဲ့ သွင်းဂိုး ၆၆ ဂိုးမှာ သုံးပုံတစ်ပုံကိုတော့ ၀ါနာတစ်ဦးတည်းက သွင်းယူပေးထားခဲ့တာလို့လည်း OptaFranz က ဖော်ပြခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ၈ ပွဲမှာ တစ်ဂိုးသာရရှိထားခဲ့ပေမယ့် ၀ါနာကတော့ အရေးကြီးတဲ့အချိန်မှာ ခြေစွမ်းပြကစားခဲ့တာလည်းဖြစ်ပါတယ်။ ဥရောပထိပ်တန်းအသင်းတွေရဲ့ ပစ်မှတ်ထားခြင်းကို ခံနေရတဲ့ ဂျာမနီလက်ရွေးစင်တိုက်စစ်မှူးဟာ ပြိုင်ပွဲစုံသွင်းဂိုးပေါင်း ၃၀ အထိ ရရှိထားခဲ့ပြီဖြစ်ကာ လက်ကျန်ပွဲစဉ်တွေကျန်ရှိနေသေးတာကြောင့် သူ့ရဲ့ သွင်းဂိုးတွေက ပိုမိုများပြားလာဦးမှာလည်း သေချာနေပါတယ်။ 


Author

  • Pyae Phyo Thein

    Content Writer/Reporter


က္က