အသင်းက တရားဝင်သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
Pyae Phyo Thein

ကွင်းပိတ်ကစားရမှုတွေသာ ရှိနေတဲ့အချိန်မှာ ဟက်ဘာစ်ရဲ့သတင်းကြောင့် ဘွန်ဒက်လီဂါပွဲစဉ်တွေပါ ရပ်ဆိုင်းရမယ့်အခြေအနေအထိရောက်လာဖွယ်ရှိတယ်လို့လည်း တချို့ကခန့်မှန်းနေကြပါတယ်။ 


ဟန်နိုဗာအသင်းရဲ့ နောက်ခံကစားသမားတီမိုဟက်ဘာစ်ဆီမှာ ကိုရိုနာဗိုင်းရပ်ကူးစက်ခံထားရတယ်လို့ သိရပါတယ်။ ဂျာမနီကလပ်ကလည်း သူတို့ကစားသမားရဲ့ အခြေအနေကို တရားဝင်သတင်းထုတ်ပြန်ခဲ့ပြီဖြစ်ကာ နေအိမ်မှာ စောင့်ကြည့်မှုတွေပြုလုပ်နေတယ်လို့ အသိပေးပြောဆိုသွားခဲ့ပါတယ်။ 



အသက် ၂၃ နှစ်အရွယ်သာရှိသေးတဲ့ ကစားသမားရဲ့ အခြေအနေကို အသင်းအားကစားဒါရိုက်တာဂါဟက်ဇူဘားက "တီမိုက စံထားလောက်စရာအပြူအမူကို ပြုလုပ်ခဲ့သူပါ၊ သူ့မှာ ဘာလက္ခဏာမှတော့မပြသခဲ့ပါဘူး၊ သူနဲ့အတူရှိခဲ့သူက ကူးစက်ခံနေရတယ်လို့ သိရချိန်မှာ သူက ဆရာဝန်ကို တိုက်ရိုက်ဆက်သွယ်ခဲ့ပြီးတော့ အိမ်မှာပဲ နေနေခဲ့ပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။ 

လက်ရှိမှာတော့ ဟန်နိုဗာအသင်းတစ်သင်းလုံး ကစားသမား၊ နည်းပြမကျန် အသင်းဝန်ထမ်းတွေကိုပါ ဆေးစစ်မှုတွေပြုလုပ်နေပြီဖြစ်တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ ဟက်ဘာစ်ရဲ့ အခြေအနေကြောင့်လည်း ဒိုင်နမိုဒရက်ဒန်နဲ့ ကစားရမယ့်ပွဲအတွက် လေ့ကျင့်ခန်းအစီအစဉ်တွေကိုလည်း ဖျက်သိမ်းခဲ့ရပါတယ်။ 

ဟက်ဘာစ်ဟာ စနေနေ့ညနေပိုင်းမှာ ကူးစက်ခံခဲ့ရတယ်လို့ ယူဆရပြီး အသင်းဖော်တွေနဲ့လည်း အဆက်အသွယ်မရှိခဲ့ဘူးလို့သိရပါတယ်။ ဒီအတွက်ကြောင့် အသင်းတစ်သင်းလုံးကူးစက်ခံရမယ့် အနေအထားကနေ ကင်းလွတ်ဖွယ်ရာတော့ရှိနေပြီး ကစားသမားအနေနဲ့ သူ့အခြေအနေကို အလျင်မြန်ဆုံးအသိပေးခဲ့ကာ လိုအပ်တာတွေကို ဆောင်ရွက်ခဲ့လို့ ချီးကျူးခံနေရမှုတွေလည်း ရှိနေပါတယ်။ 

ဘွန်ဒက်လီဂါအသင်းဟောင်းဟန်နိုဗာရဲ့ အဖြစ်အပျက်က ဂျာမနီဘောလုံးလောကကို ထိတ်လန့်မှုတော့ဖြစ်စေခဲ့ပါတယ်။ ကွင်းပိတ်ကစားရမှုတွေသာ ရှိနေတဲ့အချိန်မှာ ဟက်ဘာစ်ရဲ့သတင်းကြောင့် ဘွန်ဒက်လီဂါပွဲစဉ်တွေပါ ရပ်ဆိုင်းရမယ့်အခြေအနေအထိရောက်လာဖွယ်ရှိတယ်လို့လည်း တချို့ကခန့်မှန်းနေကြပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က