၂၀၁၆ တုန်းက အဖြစ်အပျက်ပါ။
Kyaw Ko Ko Sint

ရော်နယ်ဒိုက အရက်၊ဘီယာ လုံးဝ မသောက်တတ်တာကြောင့် တစ်ခွက်လောက် သောက်ချိန်မှာပဲ မူးသွားခဲ့ရ တာပါ။

၂၀၁၆ ယူရိုဖလားကို ပိုင်ဆိုင်ခဲ့တုန်းကရှန်ပိန်တစ်ဖန်ခွက် သောက်လိုက်တာ မူးသွားခဲ့ဖူးတယ်လို့ရော်နယ်ဒိုက သူ့ရဲ့ ရယ်စရာ အမှတ်တရ အဖြစ်အပျက်တစ်ခုကို ပြန်ပြောင်းပြောပြလာပါတယ်။

Marca နဲ့တွေ့ဆုံတုန်းက ပြောခဲ့တာ ဖြစ်ပြီး ၂၀၁၆ ယူရိုဗိုလ်လုပွဲကစားနေချိန်အတွင်း ငိုတာ များသွားလို့ ရေ ဓာတ်ခမ်းခြောက်သွားခဲ့တယ်လို့ ရော်နယ်ဒိုက ဆိုပါတယ်။



“ အဲ့ဒီဖလားက ကျွန်တော့်ဘဝအတွက် အင်မတန် အရေးပါပါတယ်၊ပွဲချိန်အတွင်းမှာတော့ ကျွန်တာ် မျက်ရည် လည်ရွှဲပေါ့။ဒါနဲ့ပဲ ရောဓာတ်ခမ်းခြောက်သွားလို့ ပွဲအပြီး အောင်ပွဲခံချိန်မှာရှန်ပိန် တစ်ခွက်မော့လိုက်တာ မူးသွား တယ်။”လို့ ရော်နယ်ဒိုကဆိုပါတယ်။

အခုလို တစ်ခွက်နဲ့မူးတာကတော့ရော်နယ်ဒိုက ဘယ်တုန်းကမှ အရက်၊ဘီယာ၊ဝိုင်တို့ကို မမှီဝဲပဲ အဲ့ဒီတုန်းက လည်း သမိုင်းဝင် အောင်မြင်မှုအတွက် သောက်ဖြစ်ခဲ့တာကြောင့် ဖြစ်ပါတယ်။

ပေါ်တူဂီအသင်းအနေနဲ့ ၂၀၀၄ ယူရိုတုန်းက အိမ်ရှင်ပြုလုပ်ခဲ့ဖူးပြီး ဗိုလ်လုပွဲမှာ ဂရိကို အရေးနိမ့်ကာ ချန်ပီယံဆု နဲ့ လွဲချော်ခဲ့ပြီးနောက် ၂၀၁၆ မှာတော့ အိမ်ရှင်ပြင်သစ်ကို ၁-၀ နဲ့ အနိုင်ယူကာ ဥရောပ ချန်ပီယံ ပထမဆုံး အကြိမ် ဖြစ်ခဲ့တာပါ။


က္က