နှစ်ကြိမ်ဆက် ၁၆ သင်းအဆင့်ကို တက်လှမ်းခဲ့တာပါ။
Kyaw Ko Ko Sint

ဂျပန်အသင်းဟာ အုပ်စုတွင်းမှာ အီကွေဒေါကိုသရေ၊မက္ကဆီကိုကိုအနိုင်ကစားကာ အီတလီကို သရေ ကစားပြီး ရှုံးပွဲမရှိ စံချိန်နဲ့ ၁၆ သင်းအဆင့်ကို နှစ်ကြိမ်ဆက် တက်လှမ်းလာတာပါ။

ပိုလန်နိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနေတဲ့ ၂၀၁၉ ခုနှစ် ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကတော့ အုပ်စု နောက်ဆုံးအဆင့် ပြိုင်ပွဲတွေကို ကျင်းပလျက်ရှိနေပါပြီ။



ဒီအချိန်မှာတော့ အုပ်စု(ခ)မှာ ကျရောက်နေတဲ့ အာရှတိုက် ကိုယ်စားပြု ဂျပန်အသင်းက အုပ်စုတွင်း ၃ ပွဲ ကစားရမှာ ၁ ပွဲနိုင် ၂ ပွဲသရေကျပြီး ရှုံးပွဲမရှိ စံချိန်နဲ့ ၁၆သင်းအဆင့် ရှုံးထွက်ကို တက်လှမ်းထားနိုင်ခဲ့ပါပြီ။


ဂျပန်အသင်းဟာ အဖွင့်ပွဲမှာ အီကွေဒေါအသင်းကို တစ်ဖက် တစ်ဂိုး စီ သရေကစားခဲ့ကာ၊ဒုတိယပွဲမှာတော့ မက္ကဆီကိုအသင်းကို ၃ ဂိုးပြတ်အနိုင်ယူခဲ့ပါတယ်။

အုပ်စုနောက်ဆုံးပွဲအဖြစ် အီတလီအသင်းနဲ့ ကစားခဲ့ရာမှာတော့ ဂိုးမရှိ သရေ ကစားနိုင်ခဲ့တာကြေင့် ရမှတ် ၅ မှတ်ရရှိပြီး အုပ်စု ဒုတိယနဲ့ နောက်တစ်ဆင့်ကို တက်လှမ်းခဲ့တာပါ။

လက်ရှိအချိန်မှာ ၁၆ သင်းအဆင့်ကို တက်လှမ်းထားနိုင်တဲ့အသင်းတွေအဖြစ် အုပ်စု(က)မှာ ဆီနီဂေါ၊ကိုလံဘီ ယာ၊အုပ်စု(ခ)မှာ အီတလီ၊ဂျပန်အသင်းတို့ သေချာပေါက်တက်လှမ်းထားနှင့်ပြီ ဖြစ်ပါတယ်။

အုပ်စု(၆)အုပ်စုသာရှိလို့ ၁၆သင်းအဆင့် ကစားမယ်ဆိုရင် တစ်အုပ်စုစီက အသင်း၂ သင်းစီနဲ့ နောက်ထပ် အကောင်းဆုံး အုပ်စု တတိယရ အသင်း ၄ သင်းထပ်မံ တက်လှမ်းရပါမယ်။

ဒါကြောင့် အိမ်ရှင် ပိုလန်အသင်းဟာ အုပ်စု(က)မှာ ရမှတ် ၄ မှတ်ရရှိထားလို့ အကောင်းဆုံး အုပ်စု တတိယနဲ့ တက်လှမ်းဖို့ အခွင့်အရေး များနေပါတယ်။

ဂျပန်အသင်းဟာ ၂၀၁၇တောင်ကိုရီးယား ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ၁၆သင်းအဆင့်ထိ တက်လှမ်းခဲ့ဖူးပြီး အဲ့မတိုင်ခင် ၂၀၀၉ ကနေ ၂၀၁၅ အထိခြေစစ်ပွဲအောင်မြင်ခဲ့ခြင်း မရှိပါဘူး။

သမိုင်းတလျှောက် အမြင့်မားဆုံး အောင်မြင်မှုအဖြစ် ၁၉၉၉ ခုနှစ်မှာ ဗိုလ်လုပွဲအထိ တက်လှမ်းခဲ့ဖူးတာ ဖြစ်ပါတယ်။

လာမယ့် ၂၀၂၁ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကိုတော့ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမယ့် နိုင်ငံကို ရွေးချယ်နေပြီး မြန်မာနဲ့ ထိုင်းနိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပခွင့်ရရေး လျှောက်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က