မကြာခင်အတည်ပြုသွားမယ်လို့ မျှော်လင့်ရပါတယ်။

စပိန်နိုင်ငံမှာတော့ မတ်လ ၁၂ ရက်နေ့ကစတင်ကာ ဘောလုံးပွဲတွေအားလုံးကို ရပ်ဆိုင်းထားခဲ့တာဖြစ်ပြီး နို်င်ငံတွင်းမှာ ကူးစက်မှု နှစ်သိန်းကျော်အထိရှိကာ နှစ်သောင်းရှစ်ထောင်ကျော်သေဆုံးခဲ့ရပါတယ်။  

စပိန်လာလီဂါအဖွဲ့ချုပ်ဥက္ကဌဂျာဗီယာတီဘက်စ်က ဇွန်လ ၁၁ ရက်နေ့မှာ ဆီဗီလာ-ဘက်တစ်တို့ရဲ့ ဒါဘီပွဲစဉ်နဲ့အတူ လာလီဂါကို ပြန်လည်စတင်နိုင်မယ်လို့ မျှော်လင့်ထားကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ စပိန်နိုင်ငံမှာတော့ မတ်လ ၁၂ ရက်နေ့ကစတင်ကာ ဘောလုံးပွဲတွေအားလုံးကို ရပ်ဆိုင်းထားခဲ့တာဖြစ်ပြီး နို်င်ငံတွင်းမှာ ကူးစက်မှု နှစ်သိန်းကျော်အထိရှိကာ နှစ်သောင်းရှစ်ထောင်ကျော်သေဆုံးခဲ့ရပါတယ်။



ဒါပေမယ့်လည်း ဂျာမနီ၊ ပေါ်တူဂီတို့မှာ ဘောလုံးတွေပြန်လည်စတင်နေပြီဖြစ်ပြီး ကွင်းပိတ်ကျင်းပနေရာမှာ အဆင်ပြေမှုတွေရှိနေခဲ့တာကြောင့် လာလီဂါကလည်း အမြန်ဆုံးစတင်နိုင်ဖို့အတွက် ပြင်ဆင်နေခဲ့တာဖြစ်ပါတယ်။ စပိန်ဝန်ကြီးချုပ်ပက်ဒရိုဆန်းချက်ဇ်ကလည်း ဇွန်လ ၈ ရက်နေ့မှာ ဘောလုံးပွဲတွေကို ပြန်လည်ကစားခွင့်ပြုမယ်လို့ အတည်ပြုပေးထားခဲ့ပြီးဖြစ်ပါတယ်။ 

"နောက်တစ်ပတ်ထဲမှာ ကျွန်တော်တို့တွေ ပထမဆုံးပွဲစဉ် လေးပွဲရဲ့ ကစားမယ့်နေ့ရက်နဲ့ အချိန်ကို ကြေညာသွားဖို့ ရည်မှန်းထားပါတယ်၊ ဇွန်လ ၁၁ ရက်နေ့မှာ ပြန်လည်စတင်နိုင်ဖို့အတွက် ဖြစ်နိုင်ပြီး အဲဒီညမှာ တစ်ပွဲတည်းပဲ ကစားကာ ဗိုင်းရပ်စ်ကြောင့် သေဆုံးကွယ်လွန်ခဲ့ရသူတွေအတွက် အောက်မေ့လက်ဆောင်ဖြစ်လာပါလိမ့်မယ်"

"ည ၁၀ နာရီမှာ ကစားမယ့် ဆီးဗီးလ်ဒါဘီပွဲစဉ်နဲ့ ကျွန်တော်တို့ပြန်လည်စတင်နိုင်မယ်ဆိုတာကို အတည်ပြုပေးနိုင်ဖို့လည်း ကျွန်တော်တို့မျှော်လင့်နေပါတယ်" လို့ တီဘက်စ်က ပြောဆိုခဲ့ကြောင်း Sky Sports က ဖော်ပြခဲ့ပါတယ်။ တီဘက်စ်က ကစားသမားတွေအနေနဲ့လည်း ကူးစက်ရောဂါကို ရပ်တန့်နိုင်ဖို့ ကြိုးစားနေချိန်မှာ သူတို့ရဲ့အပြုအမူတွေကိုဆင်ခြင်ဖို့လိုတယ်လို့လည်း သတိပေးခဲ့ပါတယ်။

ဆီဗီလာကစားသမားလေးဦးဖြစ်တဲ့ ဘာနီဂါ၊ အိုကမ်ပို့စ်၊ ဗက်ကွက်ဇ် နဲ့ လုခ်ဒီဂျောင်တို့ဟာ ပါတီပွဲတစ်ခုကို အတူတကွတက်ရောက်ခဲ့ပြီး ပျော်မြူးနေခဲ့တဲ့ ပုံရိပ်တွေထွက်ပေါ်ခဲ့လို့ ဝေဖန်ခံနေရတာဖြစ်ပါတယ်။ ဘာနီဂါရဲ့ ဇနီးဖြစ်သူက သူမရဲ့အင်စတာဂရမ်မှာ ဖော်ပြခဲ့တာလည်းဖြစ်ပါတယ်။ "လူ့အဖွဲ့အစည်းအတွက် ကစားသမားတွေက စံပြပါ၊ သူတို့ရဲ့အပြုအမူတွေကို ဂရုစိုက်ရပါမယ်၊ ဘောလုံးသမားအားလုံး ဒီအပြုအမူကို ရှောင်ကြဉ်သင့်ပါတယ်" လို့ တီဘက်စ်က ထပ်မံပြောဆိုသွားခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က