ဆီဗီလာအသင်းက ဥရောပ ပြိုင်ပွဲ ထိပ်တိုက်တွေ့ဆုံမှုမှာ ၂ပွဲနိုင် ၁ပွဲသရေနဲ့ အသာရထားပါတယ်။

ယူရိုပါလိဂ် ဆီမီးဖိုင်နယ်အဆင့်ကနေ ယူနိုက်တက်အသင်း လှည့်ပြန်ခဲ့ရတဲ့အတွက် ဥရောပ စစ်မျက်နှာပြင် တိုက်ပွဲမှာ နောက်ထပ် ထွက်စရာ အင်္ဂလန်အသင်းမကျန်တော့ပါဘူး။

-       ဒီကနေ့ ကစားခဲ့တဲ့ ဆီဗီလာ ၂-၁ ယူနိုက်တက်ပွဲမှာစိတ်ဝင်စားဖွယ် ထူးခြားအချက်အလက်တွေ ပေါ်ထွက်လာခဲ့ ပြီး Opta Joe ရဲ့ စစ်တမ်းတွေအရ ပထမဆုံးအချက်အနေနဲ့ ယူနိုက်တက်အသင်းဟာ ဒီရာသီ ပင်နယ်တီ ၂၂လုံးတိတိ ရရှိခဲ့ပြီး အခြားအသင်းတွေ ထက် ပိုကန်ခွင့်ရခဲ့ပါတယ်။



-       ၂၀၁၄-၁၅ခုနှစ် ဘောလုံးရာသီက ဘာစီလိုနာအသင်း တစ်ရာသီအတွင်း ပင်နယ်တီ ၂၄လုံးရရှိခဲ့မှုပြီးရင်အခု ယူနိုက်တက်ရဲ့ ပင်နယ်တီ အရေအတွက်က ဥရောပ ထိပ်တန်းလိဂ် ၅ခုမှာ အများဆုံးရရှိတာပါ။

-       ယူနိုက်တက်အသင်းဟာ အခု ဆီမီးဖိုင်နယ်မတိုင်ခင် အဓိက ဥရောပ ပြိုင်ပွဲတွေမှာ ဆီမီးဖိုင်နယ် ကစားခွင့်ရတဲ့ နောက်ဆုံး ၄ကြိမ်ဆက် ဖိုင်နယ်ကို တက်လှမ်းထားပါတယ်၊အဲ့နှစ်တွေကတော့ ၂၀၀၇-၀၈၊၀၈-၀၉၊၁၀-၁၁နဲ့ ၁၆-၁၇တို့ ဖြစ်ပါတယ်။ချန်ပီယံလိဂ် ၃ကြိမ်နဲ့ယူရိုပါလိဂ်၁ကြိမ်ဖြစ်ပေမယ့် အခု တစ်ကြိမ်တော့ အဆိုပါ စံချိန် ပျက်ပြယ်ခဲ့ပါပြီ။

-       ယူနိုက်တက်အတွက် ဒီနေ့မှာ ပင်နယ်တီကနေ တစ်ဂိုးသွင်းပေးခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက် အတွက် စတင်ကစားပေးခဲ့တဲ့ ဖေဖော်ဝါရီက စတင်လိုက်မယ်ဆိုရင် ၂၈ဂိုးသွင်းထားတဲ့ လီဝန်ဒေါစကီးနဲ့ ၂၇ဂိုးသွင်းထားတဲ့ မက်ဆီ အပြီး ဥရောပထိပ်တန်းလိဂ် ၅ခုမှာ ၁၂ဂိုးသွင်းပြီး ၈ဂိုးဖန်တီးပေးထားကာ အများဆုံးပါဝင်ပတ်သက်ထားနိုင်ပါတယ်။

-       ယူနိုက်တက်ရဲ့ တိုက်စစ်ဟာ ကိုပင်‌‌‌ဟေဂင်နဲ့ ကစားခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲအပါအဝင် ဆီမီးဖိုင်နယ် နှစ်ပွဲမှာ ဂိုးကန်သွင်းခွင့် ၄၆ကြိမ်၊ဂိုးပေါက်တည့်မှု ၂၁ကြိမ်ရခဲ့ပေမယ့် နှစ်ပွဲမှာနှစ်ဂိုးသာ သွင်းနိုင်ခဲ့ပါ တယ်။ဒီနှစ်ဂိုးကိုလည်း ပင်နယ်တီကနေ သွင်းယူနိုင်တာပါ။

-       ယူနိုက်တက်ကို နိုင်သွားတဲ့ ဆီဗီလာဟာ ယူအီးအက်ဖ်အေဖလား/ယူရိုပါလိဂ်ဖလား ဗိုလ်လုပွဲကို ၆ကြိမ်မြောက်တက်လှမ်းပြီး အခြားသော အသင်းတွေထက် အကြိမ်ရေ ပိုများပါတယ်။

-       ဆီဗီလာအသင်းဟာ ယူရိုပါလိဂ် ဗိုလ်လုပွဲကို တက်လှမ်းထားတဲ့ နောက်ဆုံး ၃နှစ်ဆက်တိုက် ဆုဖလား သိမ်းပိုင်ထားနိုင်တဲ့ စံချိန်ကောင်းကို ပိုင်ဆိုင်ထားပါတယ်။၂၀၁၃-၁၄၊၁၄-၁၅နဲ့၁၅-၁၆နှစ်တွေမှာ ၃နှစ်ဆက်တိုက်တက်လှမ်းရယူထားတာပါ။

-       ဒီကနေ့ ဆီဗီလာ - ယူနိုက်တက်တွေ့ဆုံမှုက ဥရောပအဆင့်မှာ ၃ကြိမ်မြောက်ဖြစ်ပြီး ပထမ နှစ်ကြိမ်က ၂၀၁၇-၁၈ ချန်ပီယံလိဂ် ၁၆သင်းအဆင့်မှာတွေ့တာဖြစ်ပြီး ဆီဗီလာအိမ်ကွင်းမှာ ဂိုးမရှိသရေကျပြီး ယူနိုက်တက်အိမ်ကွင်းမှာဆီဗီလာက ၂-၁နဲ့ နိုင်ထားတာကြောင့် စုစုပေါင်း ၃ကြိမ်တွေ့ဆုံမှုမှာ ဆီဗီလာ က ၂ပွဲနိုင် ၁ပွဲသရေနဲ့ အသာရထားပါတယ်။

ဆီဗီလာအသင်းကတော့ ယူရိုပါလိဂ်သမိုင်းမှာ ၅ကြိမ်အထိ ချန်ပီယံ ဖြစ်ထားပြီး အအောင်မြင်ဆုံးအသင်းလို့ ဆိုရမှာ ဖြစ်ပါတယ်။ မနက်ဖြန်မှာ ကစားမယ့် အင်တာမီလန် ရှက်တာဒိုးနက်အသင်းထဲက အနိုင်ရ အသင်းနဲ့ ဗိုလ်လုပွဲ ကစားရပါမယ်။

Share

Loading Next Article...
က္က