ဒီကနေ့ည မြန်မာစံတော်ချိန် မနက်ဖြန် မနက် ၃ နာရီမှာကစားမှာပါ။

၁၆ သင်းအဆင့် ပထမအကျော့အဖြစ် လီဗန်တေးနဲ့ အဝေးကွင်းပွဲစဉ် ကစားခဲ့စဉ်ကလည်း မက်ဆီကိုချန်လှပ်ခဲ့ပြီး ထိုပွဲစဉ်မှာ ရှုံးနိမ့်ခဲ့တာကြောင့် နည်းပြ ဗယ်လ်ဗာဒီအနေနဲ့ ဝေဖန်မှုတွေ ခံခဲ့ရပါတယ်။

မြန်မာစံတော်ချိန် မနက်ဖြန် (ဇန်နဝါရီ ၂၄ ရက်) မနက် ၃ နာရီမှာ ကစားမယ့် ဆီဗီလာအသင်းနဲ့ ကိုပါဒယ်ရေး ကွာတားဖိုင်နယ်ပွဲအတွက် အသင်းလူစာရင်းကို ဘာစီလိုနာက ထုတ်ပြန်လိုက်ရာမှာ အဓိက အသင်းခေါင်းဆောင် တိုက်စစ်မှူးမက်ဆီကို ချန်လှပ်ခဲ့တယ်လို့ beIN sports သတင်းဌာနက ဖော်ပြထားပါတယ်။



နည်းပြ ဗယ်လ်ဗာဒီကတော့ ကြံ့ခိုင်မှုကိုအကြောင်းပြပြီး ချန်လှပ်ခဲ့တယ်လို့သိရပြီး အသစ်ခေါ်ထားတဲ့ ပရင့်ဘိုတန်ကိုတော့ လူစာရင်းမှာ ပထမဆုံးအကြိမ် ထည့်သွင်းလာပါတယ်။

မက်ဆီအနေနဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လီဂါးနက်စ်နဲ့ ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာလည်း ပွဲထွက်ခွင့်မရခဲ့ပဲ အရန် စားသမားအဖြစ်သာ ပါဝင်ခဲ့တာလည်း တွေ့ရပါတယ်။

ဒါ့အပြင် ၁၆ သင်းအဆင့်မှာလည်း လီဗန်တေးအသင်းနဲ့ကစားတဲ့ ပထမအကျော့ ပွဲစဉ်မှာ မက်ဆီကို အသင်းလူစာရင်းကနေ ချန်လှပ်ခဲ့ပါသေးတယ်။ အဲ့ဒီ အဝေးကွင်းပွဲစဉ်မှာတော့ ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့လို့ ဘာစီလိုနာအသင်းမှာ မက်ဆီမပါရင် မဖြစ်ဖူးဆိုတဲ့ အသံတွေတောင် ထွက်လာခဲ့ပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က