တနင်္လာနေ့မှာ တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့ခဲ့တာပါ။

ရီးရဲမက်ဒရစ်တိုက်စစ်မှူးဟောင်း ဂျက်ဆီရိုဒရီဂွက်ဇ်ဟာ ဂျူဗင်တပ်ကြယ်ပွင့် ရော်နယ်ဒိုနဲ့ စကားပြောဆိုခဲ့ပြီးနောက် ပေါ်တူဂီထိပ်သီးအသင်းဖြစ်တဲ့ စပို့တင်းလစ္စဘွန်းအသင်းအတွက် ကစားပေးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ Goal ရဲ့သတင်းအရ သိရပါတယ်။

ဂျက်ဆီရိုဒရီဂွက်ဇ်ဟာ ဥရောပအပြောင်းအရွှေ့ဈေးကွက်ပိတ်သိမ်းမယ့် တနင်္လာနေ့မှာ ပီအက်စ်ဂျီအသင်းကနေ စပို့တင်းလစ္စဘွန်းအသင်းကို တစ်ရာသီအငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ဂျက်ဆီရိုဒရီဂွက်ဇ်ဟာ ပီအက်စ်ဂျီအသင်းနဲ့ ၂၀၂၁ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေသေးသူဖြစ်ပြီး စပို့တင်းကို အပြီးသတ်ခေါ်ယူခွင့်ပါဝင်တဲ့အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။

စပို့တင်းလစ္စဘွန်းလူငယ်အကယ်ဒမီကနေ ထွက်ပေါ်ခဲ့ပြီး ၂၀၀၃ ခုနှစ်မှာ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ခဲ့ပြီးနောက် ကမ္ဘာ့ထိပ်တန်းကစားသမားဖြစ်လာခဲ့တဲ့ ဘလွန်းဒီအော် ၅ ဆုရှင် ခရစ်စတီယာနိုရော်နယ်ဒိုက ရီးရဲမက်ဒရစ်အသင်းဖော်ဟောင်းကို စပို့တင်းနဲ့ပတ်သက်တဲ့ ကောင်းမွန်တဲ့အရာတွေအကြောင်း ပြောပြခဲ့တယ်လို့ သိရပါတယ်။

“စပို့တင်းလစ္စဘွန်းအသင်းက ကျွန်တော့်ကို ပေးတဲ့အခွင့်အလမ်းအတွက် အရမ်းပျော်ရွှင်မိပါတယ်။ စပို့တင်းက ပေါ်တူဂီမှာ သမိုင်းဝင်အသင်းတစ်သင်းပါ”

“ကျွန်တော့်မှာ ခရစ်စတီယာနိုရော်နယ်ဒိုလို့ခေါ်တဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ်။ သူက ကျွန်တော့်ကို သူ့ကို ဖန်တီးပေးခဲ့တဲ့ ဒီအသင်းနဲ့ပတ်သက်တဲ့ ကောင်းမွန်တဲ့အရာတွေအကြောင်း အမြဲတမ်းပြောပြခဲ့ပါတယ်။ ကျွန်တော့်ရဲ့အသင်းဖော်သစ်တွေနဲ့ လေ့ကျင့်ရေးစလုပ်ဖို့အတွက် အရမ်းစိတ်လှုပ်ရှားနေပါတယ်”

“အသင်းမှာရှိတဲ့ကစားသမားတွေကို ကျွန်တော် မြင်တွေ့ခဲ့ပြီးပါပြီ။ ကျွန်တော်တို့ အရေးကြီးတဲ့တစ်စုံတရာကို လုပ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ ပြိုင်ပွဲအားလုံးအတွက် တိုက်ပွဲဝင်သွားမှာပါ။ ပျော်ရွှင်မှုနဲ့အလုပ်လုပ်တာက ကျွန်တော်တို့ကို ကောင်းမွန်တဲ့အရာတွေကို ရရှိစေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။



က္က