ချီလီ၊အယ်လ်ဂျီးရီးယားတို့နဲ့ ကစားရမယ့် ခြေစမ်းပွဲတွေအတွက် ကိုလံဘီယာအသင်းလူစာရင်းကနေ ချန်လှပ်ခွင့်တောင်းခဲ့တာပါ။
ကိုလံဘီယာအသင်းရဲ့ နိုင်ငံတကာ ခြေစမ်းပွဲ ၂ပွဲမှာ မပါဝင်ခွင့်ရဖို့ ရီးရဲ တိုက်စစ်မှူး ဂျိမ်းရိုဒရီဂွက်ဇ်အနေနဲ့ နည်းပြ ကွီးရော့စ်ကို တောင်းဆိုခဲ့တယ်လို့ Marca သတင်းဌာနက ဖော်ပြလာပါတယ်။
အခုလို ငြင်းဆန်ရတာကလည်း ရီးရဲအသင်းအတွက် အပြည့်အ၀ အာရုံစိုက်ပြီး နိုင်ငံတကာပွဲအပြီး ပြန်ကစားရ မယ့် ကလပ်အသင်းပွဲတွေမှာ အကောင်းဆုံး ကစားနိုင်ဖို့လို့ သိရပါတယ်။
ဒီနှစ်ဘောလုံးရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းကနေ အငှားနဲ့ သွားကစားရာကနေ ပြန်လာခဲ့တဲ့ ဂျိမ်းကတော့ နည်းပြဇီဒန်းရဲ့ ရီးရဲအတွက် အဓိက ကစားသမားတစ်ဦးအဖြစ် ရှိနေသူပါ။
ဒါကြောင့်လည်း ကိုလံဘီယာ နည်းပြ ကားလို့စ်ကွီးရော့စ်က လာမယ့် ချီလီ၊အယ်လ်ဂျီးရီးယားအသင်းတို့နဲ့ ခြေစမ်းပွဲတွေမှာ လူစားရင်းကနေ ချန်လှပ်ပေးခဲ့တာပါ။
နိုင်ငံတကာခြေစမ်းပွဲကာလပြီးရင်တော့ ရီးရဲအသင်းက လာမယ့် အောက်တိုဘာ ၁၉ မှာ မာယော့ကာအသင်းနဲ့ လာလီဂါပွဲကစားရမယ့်အပြင် တူရကီကိုသွားပြီး ဂါလာတာစာရေးအသင်းနဲ့လည်း ချန်ပီယံလိဂ် ပွဲစဉ် ကစားရပါ မယ်။
ရီးရဲအသင်းကတော့ ချန်ပီယံလိဂ်မှာ ရှုံးပွဲကြုံနေရပေမယ့်လည်း လာလီဂါမှာတော့ ၈ ပွဲကစား ၅ ပွဲနိုင်၊၃ ပွဲသရေ ကျပြီး ရမှတ် ၁၈ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ။