ဂျီးဆပ်က ရီးရဲအသင်းဖက်ကို အနိုင်သေချာစေမယ့်ဂိုးသွင်းယူပေးခဲ့သူပါ။

ရီးရဲကို စတားလင်း၊ဂျီးဆပ်တို့ရဲ့သွင်းဂိုးတွေနဲ့ အနိုင်ယူပြီး မန်စီးတီး ကွာတားဖိုင်နယ်ကို တက်လှမ်းလာနိုင်ခဲ့တာပါ။

မန်စီးတီးက ရီးရဲကို ၂-၁ဂိုးနဲ့ အနိုင်ယူပြီး နှစ်ကျော့ပေါင်းရလဒ် ၄-၂ဂိုးနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းသွားခဲ့ပြီ ဖြစ်ပါတယ်။



မနေ့ည(ဒီကနေ့မနက်ပိုင်း)က ကစားခဲ့တဲ့ ဒုတိယအကျော့ပွဲမှာ မန်စီးတီးက ရီးရဲမက်ဒရစ်ကို စတားလင်း၊ဂျီးဆပ်တို့ရဲ့ သွင်းဂိုးတွေနဲ့ ၂-၁ဂိုးဖြင့် အနိုင်ယူကာ ကွာတားဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့တာပါ။

ပွဲအပြီးမှာတော့ အသင်းအတွက် နောက်တစ်ဆင့်တက်စေဖို့ သေချာစေမယ့်သွင်းဂိုးသွင်းပေးခဲ့တဲ့ ဂျီးဆပ်က - “ ကျွန်တော့် တကယ့် ထိပ်တန်းတိုက်စစ်မှူးကြီးတစ်ဦးလို့ ကစားချင်ပါတယ်။ကျွန်တော်က ရော်နယ်ဒိုလို နေ့စဥ် ပြင်းပြင်ထန်ထန်ကြိုးစားလုပ်ဆောင်ချင်သူပါ။သူ့လိုဖြစ်ဖို့ ကျွန်တော်လိုသေးတယ်ဆိုတာလည်း သိပါတယ်။လို့ ဂျီးဆပ်က BT Sport ကိုပြောခဲ့ပါတယ်။

အသက် ၂၃နှစ်သာရှိသေးတဲ့ ဂျီးဆပ်ဟာ မန်စီးတီးအသင်း တိုက်စစ်မှူး အဂူရို ဒဏ်ရာကြောင့် မပါဝင်နိုင်ချိန် အသင်းရဲ့ တိုက်စစ်ကို ဦးဆောင်ကစားခွင့်ရခဲ့သူလည်း ဖြစ်ပါတယ်။

“ရီးရဲလိုအသင်းကြီးတစ်သင်းကို အနိုင်ရလိုက်တာ ကျွန်တော်တို့အတွက် ကြီးကျယ်ခမ်းနားမှုပါပဲ။သူတို့အသင်း အမှား တွေဖြစ်လာအောင် ကျွန်တော်တို့ ဖိအားပေးနိုင်ခဲ့ပါတယ်။ကျွန်တော့်အနေနဲ့လည်း အသင်းအနိုင်ရဖို့ အများကြီး တွန်း ပေးနိုင်ခဲ့တဲ့အတွက် ပျော်ရွှင်ရပါတယ်။”လို့ ဂျီးဆပ်က ဆက်လက်ဆိုပါတယ်။

မန်စီးတီးနည်းတူ လိုင်ယွန်အသင်းကလည်း ရော်နယ်ဒိုရဲ့ ဂျူဗင်တပ်အသင်းကို အဝေးကွင်းမှာ ၂-၁ဂိုးနဲ့အရေးနိမ့် ခဲ့ပေမယ့် နှစ်ကျော့ပေါင်းရလဒ် ၂-၂ဂိုးမှာ အဝေးဂိုးစည်းမျဥ်းနဲ့ ကွာတားဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

ဒီကနေ့ည(သြဂုတ် ၉ ရက်နေ့ နံနက် ၁နာရီခွဲ)မှာတော့ ခအသင်းတို့ ၁၆သင်းအဆင့် ဒုတိယအကျော့ပွဲတွေ ဆက်လက်ကစားဖို့ရှိပါတယ်။

ကွာတားဖိုင်နယ်အဆင့်မှာတော့ အတ္တလန္တာ-ပီအက်စ်ဂျီ၊လိုက်ပ်ဇက်-အက်သလက်တီကို၊မန်စီးတီး-လိုင်ယွန်တို့ ထိပ်တိုက်တွေ့ဆုံနေပြီး ဘာစီလိုနာ-နာပိုလီ၊ချဲလ်ဆီး-ဘိုင်ယန်မြူးနစ်တို့ပွဲစဥ်မှ အနိုင်ရနှစ်သင်း ထိပ်တိုက်တွေ့ဆုံ မှာပါ။

Share

Loading Next Article...
က္က