ကစားသမားအများစုကို ထွက်ခွာခွင့်ပေးဖို့ရှိနေတာပါ။
Win Kyaw Min

နည်းပြဇီဒန်းအနေနဲ့ ကစားသမားသစ်အချို့ခေါ်ယူဖို့ရှိနေခဲ့သလို လက်ရှိအသင်းလူစာရင်းကိုလည်း အပြောင်း အလဲများစွာပြုလုပ်ဖို့ရှိနေခဲ့တာလည်းဖြစ်ပါတယ်။

ရီးရဲလ်အသင်းအနေနဲ့ ၂၀၁၉-၂၀ ဘောလုံးရာသီလက်ကျန်ပွဲစဉ်များ ကစားဖို့ ကျန်ရှိနေသေးသော်လည်း ရာသီ သစ်အတွက် ပြင်ဆင်မှုများပြုလုပ်ဖို့ အသင့်ရှိနေပြီဖြစ်ပြီး ကစားသမားအများစုကို ရာသီကုန်မှာထွက်ခွာခွင့်ပြုဖို့ သေချာခဲ့ပြီဖြစ်တယ်လို့ as.com က ဖော်ပြသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီ၊ ဇန်နဝါရီကစားသမားအပြောင်းအရွှေ့စျေးကွက်အတွင်း ကစားသမားသစ်ခေါ်ယူမှုများအတွ က် ယူရို ၃၃ရသန်းအထိအသုံးပြုထားတဲ့ ရီးရဲလ်အသင်းအနေနဲ့ လာမယ့်အပြောင်းအရွှေ့ကာလအတွင်းလည်း ယူရိုသန်း ၁ဝဝဝန်းကျင်ထပ်မံအသုံးပြုဖို့ရှိနေတာလည်းဖြစ်ပါတယ်။



နည်းပြဇီဒန်းနဲ့ အသင်းဥက္ကဋ္ဌပီရက်ဇ်တို့ရဲ့ အစီအစဉ်အရ လာမယ့်ရာသီမှာ အသက်အရွယ်ရလာပြီဖြစ်တဲ့ ၀ါရင့် ကစားသမားတွေနေရာမှာ လူငယ်ခြေတက်ကစားသမားတွေကို အစားထိုးဖို့ရှိနေသလို ကစားသမားသစ်တွေကို ခေါ်ယူဖို့ ပြင်ဆင်နေတာဖြစ်ပြီး ပရိသတ်အများစုကလည်း အားပေးထောက်ခံမှုတွေပြုလုပ်နေခဲ့တာပါ။

သတင်းဖော်ပြမှုတွေအရ အငှားစေလွှတ်ထားတဲ့ အိုဒီဂတ်၊ အာရက်ဖ်၊ ဆယ်ဘယ်လော့စ်၊ ကူဘိုအစရှိတဲ့ကစား သမား ၁၁ယောက်ကိုလည်း အသင်းနဲ့အတူ ပြန်လည်ပူးပေါင်းစေဖို့ရှိနေပြီး ဟာလန်း၊ နေမာအစရှိတဲ့ခြေစွမ်းခြေ စရှိကစားသမားတွေကို ခေါ်ယူအားဖြည့်ဖို့ ရှိနေခဲ့တာလည်းဖြစ်ပါတယ်။

အသင်းကနေထွက်ခွာဖို့ရှိနေတဲ့ ကစားသမားတွေထဲမှာတော့ တိုက်စစ်ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်၊ တောင်ပံ ကစားသမားဂါရတ်ဘေးလ်၊ တိုက်စစ်မှူးမာရီယာနို၊ ကွင်းလယ်ကစားသမားလူးကပ်စ်ဆေးဗားလ်တို့ ပါဝင်နေခဲ့ သလို အခြားအဓိက,ကစားသမားတွေဖြစ်တဲ့ မိုဒရစ်၊ မာဆယ်လို၊ နာချို၊ ဘရာဟင်တို့ကိုလည်း အသင်းကနေ ထွက်ခွာဖို့ရှိနေတယ်လို့ သတင်းဖော်ပြမှုတွေရှိနေခဲ့တာပါ။


Author


က္က