၂ကျော့စလုံး မန်စီးတီးတို့ အနိုင်ယူသွားခဲ့ပါတယ်။
Pyae Phyo Thein

ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ရဲ့ နောက်ထပ်ပွဲစဉ်တစ်ပွဲမှာတော့ မန်စီးတီးက အိမ်ကွင်းမှာ ရီးရဲလ်ကို ထပ်မံအနိုင်ယူကာ ကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့ပါတယ်။ ရီးရဲလ်နောက်ခံလူ ဗာရာနီရဲ့ အမှားအယွင်းတွေကြောင့် မန်စီးတီးတို့ အခွင့်အရေးတွေရခဲ့တယ်လို့ ဆိုရမှာဖြစ်ပြီး ဇီဒန်းကတော့ လက်မှိုင်ချခဲ့ရပါတယ်။

ဂွာဒီယိုလာက အိမ်ကွင်းမှာ ဂိုးရဖို့ကို ဦးစားပေးခဲ့ပြီးတော့ ရီးရဲလ်ကို ဖိအားပေးကစားခဲ့ပါတယ်။ ရာမို့စ်မပါဝင်တဲ့ ရီးရဲလ်မက်ဒရစ်ခံစစ်ကြောင်းက အားပျော့နေခဲ့ပြီး စတာလင်၊ ဒီဘရိုင်း၊ ဂျီးဆပ်တို့ရဲ့ ဖိအားပေးမှုတွေကို ခံခဲ့ရကာ ဦးဆောင်ဂိုးလည်းပေးခဲ့ရပြီး စတာလင်က သွင်းယူပေးခဲ့တာလည်း ဖြစ်ပါတယ်။ 

ချေပဂိုးရဖို့အတွက် ရီးရဲလ်တို့ ပြန်လည်အားထုတ်ခဲ့ပေမယ့်လည်း ထိရောက်မှုတွေ နည်းပါးခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘန်ဇီမာက ချေပဂိုးရရှိအောင် အားထုတ်ပေးပြီး ရီးရဲလ်ကို မျှော်လင့်ချက်ရှိစေခဲ့ပေမယ့် အီတီဟတ်မှာ မန်စီးတီးက အမှားမခံခဲ့ပါဘူး။ အဝေးကွင်းမှာ အနိုင်ရခဲ့တဲ့ အားသာချက်ကို မန်စီးတီးတို့ ကောင်းကောင်းဆုပ်ကိုင်နို်င်ခဲ့ပြီး အိမ်ကွင်းမှာလည်း အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။

ဂျီးဆပ်ရဲ့ ဂိုးသွင်းပြီးချိန်မှာတော့ ပွဲအဖြေက ထွက်သလောက်ဖြစ်သွားခဲ့့ပါတယ်။ ဟာဇက်လည်း ရီးရဲလ်အတွက် ဘာမှမလုပ်ပြနိုင်ခဲ့သလို ဇီဒန်းလည်း ဒီတစ်ကြိမ်မှာ မတတ်နိုင်ခဲ့တော့ဘဲရှိခဲ့ပါတယ်။ နှစ်ကျော့ပေါင်းရလဒ် ၄-၂ နဲ့ မန်စီးတီးတို့ ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပြီး ဂွာဒီယိုလာက ခက်ခဲတဲ့ပြိုင်ဘက်ကို ကျော်ဖြတ်နိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ 


Author


က္က