လက်ရှိမှာ ဘာကာက တစ်ပွဲပိုကစားပြီး တစ်မှတ်လျော့နေပါသေးတယ်။
Pyae Phyo Thein

ဘာစီလိုနာဟာ ဆွာရက်ဇ်ရဲ့ ဒုတိယပိုင်းမှာ သွင်းယူခဲ့တဲ့ဂိုးကြောင့် အနိုင်ရရှိခဲ့ပြီး အက်စ်ပန်ညိုကတော့ ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ်တန်းဆင်းသွားခဲ့ပြီဖြစ်ပါတယ်။ 


ကတ်တလန်ဒါဘီပွဲစဉ်မှာ ဘာစီလိုနာအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်အသင်းခြေချော်ဖို့ မျှော်လင့်မိတယ်လို့ ဆွာရက်ဇ်က ပြောဆိုလိုက်ပါတယ်။ ဘာစီလိုနာဟာ ဆွာရက်ဇ်ရဲ့ ဒုတိယပိုင်းမှာ သွင်းယူခဲ့တဲ့ဂိုးကြောင့် အနိုင်ရရှိခဲ့ပြီး အက်စ်ပန်ညိုကတော့ ၂၇ နှစ်အတွင်း ပထမဆုံးအကြိမ်တန်းဆင်းသွားခဲ့ပြီဖြစ်ပါတယ်။ 

၅၆ မိနစ်မှာ ဆွာရက်ဇ်က အနိုင်ဂိုးသွင်းယူခဲ့ပြီး ရီးရဲလ်အသင်းမကစားရချိန်မှာ တစ်မှတ်ကွာအနေအထားကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ ရီးရဲလ်ကတော့ အလာဗက်စ်နဲ့ ကစားသွားရမှာဖြစ်ပြီး လက်ကျန်ပွဲစဉ်က ၃ပွဲသာ ကျန်ရှိတော့မှာဖြစ်လို့ သူတို့နှစ်သင်းကြားက ပြိုင်ဆိုင်မှုက ပိုမိုပြင်းထန်လာတော့မှာလည်း ဖြစ်ပါတယ်။

"လာမယ့် ၃ပွဲစလုံးမှာလည်း ဒီလိုနိုင်ပွဲတွေရအောင် ကျွန်တော်တို့လုပ်သွားရမှာပါ၊ မက်ဒရစ်က ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ်ပေါ့၊ တကယ်လို့ သူတို့သာ အမှတ်လျော့ခဲ့မယ်ဆိုရင်တော့ ကောင်းတာပေါ့၊ ဒီလိုမျိုး ဖြစ်လာဖို့လည်း ကျွန်တော်တို့မျှော်လင့်နေပါတယ်" လို့ ဆွာရက်ဇ်က ပြောဆိုခဲ့ပါတယ်။ ဘာစီလိုနာကတော့ ပြန်လည်စတင်ကစားချိန်မှာ ၈ ပွဲဆက်တိုက်ရှုံးပွဲမရှိထားတာလည်းဖြစ်ပါတယ်။

ဒါပေမယ့် သရေပွဲတွေဖြစ်ခဲ့လို့ ရီးရဲလ်မက်ဒရစ်က အခွင့်အရေးကိုအပိုင်အသုံးချကာ အမှတ်ပေးဇယားထိပ်ဆုံးကို ရောက်ရှိနေခဲ့ပါတယ်။ "ဒီလိုရှုံးပွဲမရှိဖို့ မလွယ်ကူပါဘူး၊ လက်ရှိအခြေအနေအရဆိုရင် ပိုဆိုးပါတယ်၊ ဒီနေ့ကစားသွားတဲ့ ပုံစံမျိုးကို တနင်္ဂနွေနေ့မှာ ထပ်ပြီးတော့ပြသနိုင်ဖို့ သတိထားရမှာပါ၊ အနိုင်ရဖို့နဲ့ ၃မှတ်ရရှိဖို့က အရေးအကြီးဆုံးပါပဲ" လို့လည်း ဆွာရက်ဇ်က ပြောဆိုခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။ 


Author


က္က