သူ့ရဲ့ စံပြကစားသမားလို့ ပြောသွားခဲ့တာပါ။

လူကာဂျိုဗစ်က မနေ့က အသင်းနဲ့ တရားဝင်မိတ်ဆက်ပွဲပြုလုပ်ခဲ့တာဖြစ်ပြီး အဆိုပါအခမ်းအနားမှာပဲ လူကာဂျိုဗစ်ရဲ့ ရီးရဲလ်တိုက်စစ်မှူးဟောင်း ရော်နယ်ဒိုက သူ့ရဲ့စံပြကစားသမားလို့ ပြောဆိုသွားခဲ့ပါတယ်။


ဖရန့်ဖတ်အသင်းကနေ ရီးရဲလ်မက်ဒရစ်ကို ယူရိုသန်း (၆၀) နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ တိုက်စစ်မှူးလူကာဂျိုဗစ်ကို မနေ့က ကြိုဆိုမိတ်ဆက်ပွဲ ပြုလုပ်သွားခဲ့ပါတယ်။ အသက် (၂၁)နှစ်အရွယ် ဆာဘီးယားတိုက်စစ်မှူးဟာ ရီးရဲလ်နဲ့ (၆)နှစ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး ဇီဒန်းရဲ့အားထားရတဲ့ တိုက်စစ်မှူးတစ်ဦးအဖြစ် သတ်မှတ်ခံရဖွယ် ရှိနေပါတယ်။



ရီးရဲလ်ဟာ လာမယ့်ရာသီအတွက် ကစားသမား (၅)ဦးအထိ ဝယ်ယူထားပြီး ဖြစ်ပါတယ်။ အီဒင်ဟာဇက်၊ မီလီတာအို၊ ရိုဒရိုင်ဂို၊ မန်ဒီ နဲ့ လူကာဂျိုဗစ်တို့ကို ခေါ်ယူထားခဲ့တာဖြစ်ပါတယ်။ လူကာဂျိုဗစ်က မနေ့က အသင်းနဲ့ တရားဝင်မိတ်ဆက်ပွဲပြုလုပ်ခဲ့တာဖြစ်ပြီး အဆိုပါအခမ်း

အနားမှာပဲ လူကာဂျိုဗစ်ရဲ့ ရီးရဲလ်တိုက်စစ်မှူးဟောင်း ရော်နယ်ဒိုက သူ့ရဲ့စံပြကစားသမားလို့ ပြောဆိုသွားခဲ့ပါတယ်။

ရီးရဲလ်ကစားသမားတွေက ဘယ်သူ့ကို အားကျမိလဲဆိုတဲ့ မေးခွန်းကို လူကာဂျိုဗစ်က "ရော်နယ်ဒိုပေါ့၊ ဒါက အတိအကျပါပဲ" လို့ ပြန်လည်ဖြေဆိုခဲ့ကြောင်း Sportskeeda က ဖော်ပြခဲ့ပါတယ်။ "လက်ရှိအချိန်မှာတော့ ကျွန်တော် ဘယ်သူ့ကိုမှ ရွေးချယ်ပြောဆိုသွားမှာမဟုတ်ပါဘူး၊ ကျွန်တော်တို့အားလုံးက အသင်းဖော်တွေဖြစ်နေကြပါပြီ" လို့ သူက ထပ်ပြောခဲ့ပါတယ်။ ရော်နယ်ဒိုကတေ့ာ ရီးရဲလ်မှာ (၉) နှစ်ကြာ ကစားပေးခဲ့ပြီး အသင်းအတွက် ချန်ပီယံလိဂ်ဖလား (၄)လုံး အပါအဝင် ဆုဖလားပေါင်း (၁၅)လုံးဆွတ်ခူးပေးနိုင်ခဲ့ကာ အဓိကတိုက်စစ်မှူးအဖြစ် ဂိုးပေါင်းများစွာ သွင်းယူပေးနိုင်ခဲ့ပါတယ်။

"ပြီးခဲ့တဲ့ရာသီက အသင်းအတွက် ဆိုးရွားတဲ့ရာသီဖြစ်ခဲ့ပါတယ်၊ ဒါပေမယ့် နောက်ရာသီမှာ အသင်းက ပိုပြီးကောင်းမွန်လာမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်၊ ကျွန်တော့်ရဲ့ တန်ကြေးက ဘာဖိအားမှ မရှိပါဘူး၊ ဒါကို ကျွန်တော် လုံးဝမစဉ်းစားထားပါဘူး၊ ရီးရဲလ်အတွက် ကွင်းထဲမှာကျွန်တော် ဘာလုပ်ပေးနိုင်မလဲဆိုတာကိုပဲ အာရုံစိုက်ထားပါတယ်" လို့ လူကာဂျိုဗစ်က ပြောသွားခဲ့ပါတယ်။

ဆာဘီးယားတိုက်စစ်မှူး လူကာဂျိုဗစ်ဟာ ပြီးခဲ့တဲ့ရာသီက ဖရန့်ဖတ်အသင်းအတွက် ပြိုင်ပွဲစုံ (၄၃)ပွဲကစားပေးခဲ့ပြီး (၂၅)ဂိုးအထိ သွင်းယူပေးခဲ့သူဖြစ်ပါတယ်။ ရီးရဲလ်ကို တစ်ကျော့ပြန် ပြန်လည်ရောက်ရှိလာခဲ့တဲ့ ဇီဒန်းက သူ့လက်ထက်မှာ ဂလက်တီကိုကြယ်စင်စုစီမံကိန်းကို ပြန်လည်အသက်သွင်းခဲ့မှုမှာ လူကာဂျိုဗစ်က တစ်ဦးအပါအဝင်ဖြစ်လာခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က