loading...

loading...

loading...

တစ်ပတ်လုပ်ခ ပေါင်(၄)သိန်းအထိ ရီးရဲလ်က ပေးချေသွားမှာပါ။
Pyae Phyo Thein

အသက် (၂၈)နှစ်အရွယ် ကစားသမားကို ရီးရဲလ်က ခေါ်ယူဖို့ လေးလေးနက်နက် ချိတ်ဆက်နေပြီး ရာသီကုန်မှာ အသင်းပြောင်းရွှေ့ဖွယ် ရှိနေသူ ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ကစားသမား အီဒင်ဟာဇက်ဟာ လာမယ့်ရာသီမှာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ခဲ့မယ်ဆိုပါက ကမ္ဘ့ာလစာအများဆုံးရ ကစားသမားတစ်ဦးဖြစ်လာဖို့ နီးစပ်နေတယ်လို့ သိရပါတယ်။ အသက် (၂၈)နှစ်အရွယ် ကစားသမားကို ရီးရဲလ်က ခေါ်ယူဖို့ လေးလေးနက်နက် ချိတ်ဆက်နေပြီး ရာသီကုန်မှာ အသင်းပြောင်းရွှေ့ဖွယ် ရှိနေသူ ဖြစ်ပါတယ်။

The Sun ရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက ဟာဇက်အတွက် ပေါင်သန်း (၁၀၀) ရရှိပါက ရောင်းချသွားမယ်လို့ သိရပါတယ်။ ရီးရဲလ်မက်ဒရစ်ကလည်း ဟာဇက်ကို အခွန်ဆောင်အပြီး တစ်ပတ်လုပ်ခ ပေါင် (၄)သိန်းအထိ ပေးချေသွားမယ်လို့ သိရပြီး တစ်နှစ်အတွက် လုပ်ခလစာ ပေါင်သန်း (၂၀)အထိ ဟာဇက်က ရရှိမှာ ဖြစ်ပါတယ်။

ဒီရာသီမှာ ဟာဇက်က ချယ်လ်ဆီးရဲ့ အဓိကကစားသမားအဖြစ် ခြေစွမ်းပြနေပြီး ပရီးမီးယားလိဂ် (၃၄)ပွဲမှာ (၁၆)ဂိုးသွင်းကာ (၁၃)ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ပေးထားနိုင်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာ လိုင်လီကနေ ချယ်လ်ဆီးကို ပြောင်းရွှေ့ခဲ့ပြီးနောက် ဟာဇက်က ပရီးမီးယားလိဂ် ဖလား(၂)လုံး၊ အက်ဖ်အေဖလား (၁)လုံး နဲ့ လိဂ်ဖလား (၁)လုံး၊ယူရိုပါလိဂ်ဖလား (၁)လုံးတို့ကို ဆွတ်ခူးခဲ့ပြီး ဖြစ်ပါတယ်။

ဇီဒန်းက ရီးရဲလ်ကို ကြီးမားတဲ့ ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ စီစဉ်နေပြီး လာမယ့်နွေရာသီမှာ ထိပ်တန်းကစားသမား အများအပြားကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။ ဟာဇက်က ဇီဒန်းရဲ့ အဓိကပစ်မှတ်ကစားသမားဖြစ်ပြီး ဘာနေဗျူးကို အရခေါ်ယူနိုင်မယ်လို့လည်း ယုံကြည်မျှော်လင့်နေပြီး ရော်နယ်ဒိုရဲ့ နေရာအတွက် ဟာဇက်က အကောင်းဆုံးဖြည့်ဆည်းပေးနိုင်မယ်လို့ ယူဆနေပါတယ်။

ချန်ပီယံလိဂ်ဖလားကို (၃)နှစ်ဆက်တိုက် ရယူနိုင်ခဲ့ပြီးနောက် ဆုဖလားလက်မဲ့ဘောလုံးရာသီနဲ့ ကြုံတွေ့ရတော့မယ့် ရီးရဲလ်ဟာ နည်းပြအပြောင်းအလဲတွေ ပြုလုပ်ပြီး ခက်ခဲတဲ့ ဘောလုံးရာသီကို ဖြတ်သန်းခဲ့ရပါတယ်။ ချန်ပီယံလိဂ်မှာလည်း (၁၆)သင်းအဆင့်ကနေသာ လှည့်ပြန်ခဲ့ရပြီး လာလီဂါမှာလည်း တတိယနေရာမှာသာ ရပ်တည်နေပါတယ်။


loading...

က္က