လက်ကျန်စာချုပ် ၂ နှစ်ပြည့်တဲ့အထိ အသင်းမှာ ဆက်နေသွားမှာပါ။
Pyae Phyo Thein

အသင်းပရိသတ်တွေနဲ့လည်း အဆင်မပြေဖြစ်နေတဲ့ ဝေးလ်ကြယ်ပွင့်ဟာ မန်စီးတီးနဲ့ပွဲကိုလည်း ပါဝင်ကစားဖို့ ငြင်းဆန်ခဲ့တယ်လို့ နည်းပြဇီဒန်းရဲ့ ပြောဆိုမှုအရသိရပါတယ်။ 


ပြီးခဲ့တဲ့နွေရာသီမှာ သူ့ကိုအသင်းပြောင်းရွှေ့ခွင့်မပေးခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ လုပ်ရပ်အပေါ် လက်စားချေဖို့အတွက် ဂါရတ်ဘေးလ်ဘက်က စီစဉ်နေခဲ့ပြီဖြစ်ပါတယ်။ ဘာနေဗျူးကလပ်နဲ့ စာချုပ်သက်တမ်း ၂နှစ်ကျန်ရှိနေတဲ့ ဘေးလ်ဟာ စာချုပ်ပြည့်တဲ့အထိ အသင်းမှာ ဆက်လက်ရှိသွားမယ်လို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။

လက်ကျန်စာချုပ်အရ ဘေးလ်ဟာ ပေါင်သန်း ၆၀ အထိ ခံစားခွင့်ရရှိမှာဖြစ်ပါတယ်။ တစ်ပွဲမှ ကစားခွင့်မရရှိခဲ့ရင်တောင်မှ အသင်းအရန်ခုံတန်းမှာ ထိုင်နေမှာဖြစ်ပြီး စာချုပ်ပါတန်ဖိုးကို ရရှိအောင်ယူသွားဖို့ ဘေးလ်က စိတ်ပိုင်းဖြတ်ထားတယ်လို့ သူနဲ့နီးစပ်သူတစ်ဦးက ပြောဆိုခဲ့ကြောင်း Fox Sports (သြစတြေးလျ) က ဖော်ပြခဲ့ပါတယ်။ 

ပြီးခဲတဲ့့နှစ်မှာ တရုတ်ကလပ်ကျီယန်ဆုဆန်းနင်းအသင်းက ဘေးလ်ကို တစ်ပတ်လုပ်ခ ပေါင်တစ်သိန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ရီးရဲလ်က ငြင်းဆန်ခဲ့ပါတယ်။ အသင်းမှာ ပုံမှန်ကစားခွင့်မရတဲ့နောက် ဘေးလ်ကိုယ်တိုင်လည်း ပရိုမပီသတဲ့အပြုအမူတွေကို ပြုလုပ်ပြနေခဲ့ပြီး မန်စီးတီးနဲ့ ရီးရဲလ်တို့ရဲ့ ပွဲစဉ်မတိုင်ခင်မှာလည်း ဂေါက်ရိုက်နေခဲ့တယ်လို့ သိရပါတယ်။ 

"တရုတ်ကို သွားခွင့်မပြုခဲ့တဲ့အပေါ်မှာ သူက ရီးရဲလ်ကို ခွင့်မလွှတ်နိုင်ဖြစ်နေပါတယ်၊ သူရရှိမယ့် အခွင့်အရေးအတွက် အခိုင်အမာရပ်တည်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်၊ ဆိုလိုတာက သူ နောက်ထပ်နှစ်နှစ်အထိ ရီးရဲလ်မှာဆက်ရှိနေမှာဖြစ်ပြီး တစ်ပွဲမှမကစားရရတောင်မှ ဆက်ရှိသွားမှာပါ၊ ရီးရဲလ်ဘက်က သူ့အပေါ်လေးစားမှုပြသမယ်ဆိုရင်တော့ သူ့ ဆုံးဖြတ်ချက်ပြောင်းလဲနိုင်ပါတယ်" လို့ ဘေးလ်နဲ့ ရင်းနှီးသူတစ်ဦးက ဆိုပါတယ်။ 

ဘေးလ်ဟာ ရီးရဲလ်မှာ တစ်နှစ်လုပ်ခ ပေါင်သန်း ၃ဝအထိ ရရှိနေတာလည်းဖြစ်ပါတယ်။ အသင်းပရိသတ်တွေနဲ့လည်း အဆင်မပြေဖြစ်နေတဲ့ ဝေးလ်ကြယ်ပွင့်ဟာ မန်စီးတီးနဲ့ပွဲကိုလည်း ပါဝင်ကစားဖို့ ငြင်းဆန်ခဲ့တယ်လို့ နည်းပြဇီဒန်းရဲ့ ပြောဆိုမှုအရသိရပါတယ်။ 


Author


က္က