ရီးရဲလ်ဟာ ဘီလ်ဘာအိုနဲ့ပွဲမှာလည်း ပယ်နယ်တီရရှိခဲ့ပါတယ်။
Pyae Phyo Thein

ဘီလ်ဘာအိုနဲ့ ရီးရဲလ်တို့ရဲ့ ပွဲစဉ်ကို ကြည့်ရှုခဲ့ပြီးနောက် ရီးရဲလ်အသင်းရရှိခဲ့တဲ့ ပယ်နယ်တီပြစ်ဒဏ်နဲ့ပတ်သက်ပြီး ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ 

VAR ဆုံးဖြတ်ချက်တွေဟာ အသင်းတစ်သင်းတည်းကိုပဲ မျက်နှာသာပေးနေတယ်လို့ ဘာစီလိုနာအသင်းဥက္ကဌဘာတိုမြူက ပြောဆိုပြီး ပြိုင်ဘက်ကြီးရီးရဲလ််မက်ဒရစ်ကို တိုက်ခိုက်သွားခဲ့ပါတယ်။ ဘီလ်ဘာအိုနဲ့ ရီးရဲလ်တို့ရဲ့ ပွဲစဉ်ကို ကြည့်ရှုခဲ့ပြီးနောက် ရီးရဲလ်အသင်းရရှိခဲ့တဲ့ ပယ်နယ်တီပြစ်ဒဏ်နဲ့ပတ်သက်ပြီး ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ 

ရီးရဲလ်မက်ဒရစ်က ဆမ်မာမီးစ်မှာ ဘီလ်ဘာအိုကို ရာမို့စ်ရဲ့ တစ်လုံးတည်းသော ပယ်နယ်တီသွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပြီးနောက်မှာ ဘာတိုမြူက ဝေဖန်ခဲ့တာလည်းဖြစ်ပါတယ်။ VAR ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ ဘာတိုမြူက စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့ပြီး တူညီတဲ့အသင်းတစ်သင်းတည်းကို မျက်နှာသာပေးခဲ့တယ်လို့ ဝေဖန်သွားခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်ကတော့ အဆိုပါနိုင်ပွဲကြောင့် ဘာစီလိုနာကို ၄မှတ်ဖြတ်တောက်ထားနိုင်ဆဲဖြစ်ပြီး လက်ကျန်လေးပွဲအလိုမှာ အခြေအနေကောင်းတစ်ခုကို ပိုင်ဆိုင်သွားခဲ့ပြီဖြစ်ပါတယ်။ ရီးရဲလ်အသင်းခြေချော်ဖို့အတွက် မျှော်လင့်နေရတဲ့ ဘာစီလိုနာအတွက်တော့ ပြိုင်ဘက်ရဲ့နိုင်ပွဲက စိတ်ပျက်စရာလည်းဖြစ်ခဲ့ရပါတယ်။ 

"ဆမ်မာမီးစ်ကပွဲစဉ်ကို ဒုတိယပို်င်းပြီးခါနီးထိ ကျွန်တော်ကြည့်ခဲ့ပါတယ်၊ ကျွန်တော်ရလိုက်တဲ့ ခံစားချက်ကတော့ တော်တော်ဆိုးပါတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ကမ္ဘာ့အကောင်းဆုံးလိဂ်မှာ ကစားနေကြတာပါ၊ ကိုရိုနာဗိုင်းရပ်စ်ပြီးတဲ့နောက် VAR က မျှတမှုမရှိတဲ့အရာဖြစ်လာပါတယ်၊ ရလဒ်တွေကို အပြောင်းအလဲဖြစ်စေခဲ့ပြီးတော့ အသင်းတစ်သင်းတည်းကိုပဲ အမြဲတမ်းမျက်နှာသာပေးနေပါတယ်" လို့ ဘာတိုမြူကပြောဆိုခဲ့ကြောင်း Goal က ဖော်ပြခဲ့ပါတယ်။ 

လက်ကျန်ပွဲစဉ်တွေအဖြစ် ရီးရဲလ်မက်ဒရစ်ဟာ အလာဗက်စ် (အိမ်)၊ ဂရန်နာဒါ (ဝေး)၊ ဗီလာရီးရဲလ် (အိမ်)၊ လီဂါနက်စ် (အဝေး) တို့နဲ့ ကစားရမှာဖြစ်ပြီး ဘာစီလိုနာကတော့ အက်စ်ပန်ညို (အိမ်)၊ ဗယ်လာဒိုလစ် (အဝေး)၊ အိုဆာဆူနာ (အိမ်)၊ အလာဗက်စ် (အဝေး) တို့နဲ့ကစားသွားရမှာဖြစ်ပါတယ်။ 


Author


က္က