သီးသန့်ဆွေးနွေးမှုတွေရှိနေတယ်လို့လည်း သတင်းဖော်ပြမှုတွေရှိနေခဲ့တာပါ။
Win Kyaw Min

ကစားသမားအပြောင်းအရွှေ့အတွက် ဒေါ့မွန်အထွေထွေမန်နေဂျာနဲ့ အဆက်အသွယ်ပြုလုပ်ခဲ့တယ်လို့ သတင်း ဖော်ပြမှုတွေရှိနေခဲ့တာပါ။

ရီးရဲလ်ဥက္ကဋ္ဌပီရက်ဇ်အနေနဲ့ လူငယ်တိုက်စစ်မှူးဟာလန်းကို ခေါ်ယူနိုင်ရေးအတွက် ပြင်ဆင်မှုအချို့ပြုလုပ်နေခဲ့ သလို သီးသန့်ညှိနှိုင်းဆွေးနွေးမှုအချို့ရှိနေခဲ့ပြီး ကမ်းလှမ်းမှုပြုလုပ်ရန်လည်း ရှိနေခဲ့ကြောင်း Marca.com ရဲ့ကိုး ကားဖော်ပြချက်အရသိရပါတယ်။

သတင်းဖော်ပြမှုတွေအရ ရီးရဲလ်ဥက္ကဋ္ဌပီရက်ဇ်အနေနဲ့ ရှော်ကေးလ်အသင်းကို ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ ဒေါ့မွန်အ သင်းဆီကို လိပ်မူတဲ့ စာတစ်ဆောင်ပေးပို့ခဲ့တာဖြစ်ပြီး အပြောင်းအရွှေ့အပေါ်အခြေခံမယ့် ညှိနှိုင်းမှုအချို့လည်း ပါဝင်လာနိုင်ကြောင်း သုံးသပ်မှုတွေရှိနေခဲ့ပါတယ်။



ဒေါ့မွန်အသင်းစီအီးအိုဂျိုအာချင်ဝစ်ဇ်ကီကတော့ ရီးရဲလ်ဥက္ကဋ္ဌဆီကနေ အသင်းအတွင် ချီးကျူးဂုဏ်ပြုတဲ့ပေးစာ ကို လက်ခံရရှိခဲ့တာဖြစ်ကြောင်း၊ အချိန်ကာလတစ်ခုအထိအနားပေးထားရပေမယ့် ရှော်လ်ကေးကို ဂိုးပြတ်အနို င်ရရှိခဲ့အတွက် ဂုဏ်ယူတဲ့စာကို ပေးပို့ခဲ့တာဖြစ်တယ်လို့ ပြန်လည်ဖြေရှင်းသွားခဲ့ပါတယ်။

လာမယ့်အပြောင်းအရွှေ့စျေးကွက်ကာလအတွင်း ဒေါ့မွန်အသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ ဟာလန်း၊ ဆန်ချို တို့ကို ခေါ်ယူဖို့အတွက် ဥရောပထိပ်သီးအသင်းကြီးအားလုံး အပြိုင်ကမ်းလှမ်းဖို့ရှိနေချိန်မှာ ရီးရဲလ်နဲ့ဒေါ့မွန်အ ကြား ဆက်ဆံရေးက သုံးသပ်သူများအတွက် မေးခွန်းထုတ်ချင်စရာလည်း ဖြစ်လာတာပါ။

ဂျာမနီမီဒီယာတွေရဲ့ ဖော်ပြချက်အရ ဒေါ့မွန်အသင်းနဲ့ရီးရဲလ်အသင်းအကြား အပြောင်းအရွှေ့နဲ့ပတ်သက်တဲ့ ဆ က်ဆံရေးများ သာမန်ထက်ပိုကောင်းတဲ့အခြေအနေမှာရှိနေပြီး ရီးရဲလ်ကနေ အငှားလာကစားနေတဲ့ ဟာကီမီမှာ လည်း ဟာလန်းရဲ့အပြောင်းအရွှေ့တစိတ်တဒေသဖြစ်လာဖို့ရှိနေတယ်လို့လည်း သုံးသပ်မှုတွေရှိနေပါတယ်။


Author

  • Win Kyaw Min

က္က