မိုဒရစ်နေရာမှာ အိုဒီဂတ်ကို အစားထိုးဖို့ ရည်ရွယ်ထားတာပါ။
Win Kyaw Min

လက်ရှိမှာဆိုစီဒက်အသင်းဆီအငှားစာချုပ်နဲ့သွားရောက်ကစားနေပေမယ့် အနာဂတ်ကာလမှာ ရီးရဲလ်ရဲ့အဓိက ကစားသမားဖြစ်လာနိုင်သူလို့ သတ်မှတ်ခြင်းခံထားရသူပါ။

စပိန်လာလီဂါကလပ်ဆိုစီဒက်အသင်းတွင် ခြေစွမ်းပြကစားနေခဲ့တဲ့ ရီးရဲလ်ကွင်းလယ်ကစားသမားဖြစ်သူ အိုဒီဂ တ်အနေနဲ့ နည်းပြဇီဒန်းရဲ့ စိတ်ကြိုက်ကစားသမားတစ်ဦးဖြစ်ပေမယ့် လက်ရှိ၀ါရင့်ကွင်းလယ်ကစားသမားမိုဒရ စ်ကြောင့် အနာဂတ်မသေချာတဲ့အခြေအနေအချို့ရှိနေခဲ့တယ်လို့ Marca ကသုံးသပ်ဖော်ပြလာပါတယ်။

အသက် ၁၅နှစ်အရွယ်ကတည်းက နော်ဝေးလက်ရွေးစင်ကစားသမားတစ်ဦးအဖြစ် ရွေးချယ်ခံခဲ့ရတဲ့ အိုဒီဂတ် ဟာ လွန်ခဲ့တဲ့ ၂၀၁၄၊ ၂၀၁၅ ကာလတွေတုန်းက ဥရောပထိပ်သီးအသင်းအများစုရဲ့စိတ်ဝင်စားခြင်းကိုခံခဲ့ရသူ ဖြစ်ပြီး လက်ရှိအချိန်မှာလည်း ပုံစံကောင်းတစ်ရပ်ကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။



နည်းပြဇီဒန်းအနေနဲ့ ရီးရဲလ်အသင်းရဲ့ အနာဂတ်ကွင်းလယ်မှာ တိုနီခရူးနဲ့ အိုဒီဂတ်ကို အချိန်ကာလတစ်ခုအထိ အသုံးပြုလိုနေပြီး မိုဒရစ်ဆက်ရှိနေပါက ကစားသမားဖြစ်သူကို အခြားအသင်းတွေဆီ အငှားစာချုပ်နဲ့ထပ်မံစေ လွှတ်ဖို့ရှိနေခဲ့တာပါ။

သတင်းဖော်ပြမှုတွေအရ မိုဒရစ်အနေနဲ့ ရာသီကုန်မှာ ရီးရဲလ်အသင်းကနေ ထွက်ခွာပြီး အားကစားဒါရိုတာအဖြ စ် အသက်မွေးဝမ်းကြောင်းပြုလုပ်နေတဲ့ မိတ်ဆွေဟောင်းဖြစ်သူ ဘိုဘမ်ရဲ့ အေစီမီလန်အသင်းကိုပြောင်းရွှေ့ဖို့ ရှိနေတယ်လို့လည်း သတင်းဖော်ပြမှုတွေရှိနေခဲ့ပါတယ်။

နည်းပြဇီဒန်းကတော့ အိုဒီဂတ်အပါအဝင် အငှားစေလွှတ်ထးတဲ့ လူငယ်ကစားသမားအားလုံးကိုအသင်းရဲ့အနာ ဂတ်အသင်းသားတွေအဖြစ် အသုံးပြုမယ်လို့ အတည်ပြုထားခဲ့ဖူးပြီး မိုဒရစ်ကို ခေါ်ယူလိုနေတဲ့ အသင်းများတွ င်လ ည်း အေစီမီိလန်အသင်းအပြင် ဒေးဗစ်ဘက်ဟမ်းရဲ့ အမေရိကန်မေဂျာလိဂ်ကလပ် အင်တာမီယာမီအသင် းလည်း ပါဝင်နေတယ်လို့ As.com က ဖော်ပြထားပြန်ပါတယ်။


က္က