ဂါရတ်ဘေးလ်ကို ညွှန်းဆိုသွားခဲ့တာပါ။
Pyae Phyo Thein

ဘလွန်းဒီအောဆုငါးကြိမ်ရရှိထားခဲ့တဲ့ ရော်နယ်ဒိုဟာ လက်ရှိ အသက် ၃၅ နှစ်အရွယ်အထိ ထိပ်တန်းအဆင့်မှာ ကစားနေနိုင်ဆဲဖြစ်ပြီး ဂျူဗီအတွက် ခြေစွမ်းပြနေပါတယ်။ 


ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဆရာဝန်ဟောင်းတစ်ဦးဖြစ်သူက မက်ဒရစ်ကလပ်မှာ ရော်နယ်ဒိုထက် ပိုမိုပြည့်စုံတဲ့ ကစားသမားကို သူ မြင်တွေ့ခဲ့ရတယ်လို့ ထုတ်ဖော်ပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ ဘလွန်းဒီအောဆုငါးကြိမ်ရရှိထားခဲ့တဲ့ ရော်နယ်ဒိုဟာ လက်ရှိ အသက် ၃၅ နှစ်အရွယ်အထိ ထိပ်တန်းအဆင့်မှာ ကစားနေနိုင်ဆဲဖြစ်ပြီး ဂျူဗီအတွက် ခြေစွမ်းပြနေပါတယ်။ 

ရီးရဲလ်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဂျီးဆပ်အိုလ်မိုက ဂါရတ်ဘေးလ်ဟာ ရော်နယ်ဒိုထက် ပိုမိုပြည့်စုံတဲ့ ကစားသမားဖြစ်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ ရီးရဲလ်မှာ အသင်းဖော်တွေအဖြစ် ရော်နယ်ဒိုနဲ့ ဘေးလ်တို့က ကာလအတန်ကြာ တွဲဖက်ကစားခဲ့သူတွေဖြစ်ကာ အိုလ်မိုက ဘေးလ်ကို ပိုမိုပြည့်စုံတဲ့ကစားသမားလို့ ယူဆခဲ့တာဖြစ်ပါတယ်။ 

"ကျွန်တော်တွေ့ခဲ့ဖူးတဲ့ အားကစားသမားတွေထဲမှာဆိုရင် ဘေးလ်က အကောင်းဆုံးဖြစ်နိုင်ပါတယ်၊ သူက ဘယ်လိုအားကစားနည်းမျိုးမှာမဆို အကောင်းဆုံးစွမ်းရည်ကို သဘာဝအလျောက်ပိုင်ဆိုင်ထားသူပါ၊ ထူးခြားတဲ့မျိုးရိုးဗီဇ နဲ့ အားကစားစွမ်းရည်တွေ သူ့မှာ အပြည့်ရှိပါတယ်၊ နည်းစနစ်ပို်င်းမှာဆိုလည်း သူက တော်တော်လေးကောင်းမွန်တယ်လို့ ကျွန်တော်ပြောနိုင်တယ်"

"ကဏ္ဍအသီးသီးမှာ သူက ကျွန်တော့်ကို အထင်ကြီးစေခဲ့ပါတယ်" လို့ အိုလ်မိုက ပြောဆိုခဲ့တယ်လို့ Sportbible က ဖော်ပြခဲ့ပါတယ်။ ဝေးလ်လက်ရွေးစင်ကစားသမားဟာ လျင်မြန်စွာပြေးလွှားနိုင်တဲ့ ကစားသမားတစ်ဦးအဖြစ် နာမည်ကြီးခဲ့သူဖြစ်ပြီးတော့ နောက်တန်းကစားသမားအဖြစ်ကနေ တောင်ပံတိုက်စစ်ကစားသမားအဖြစ် ပြောင်းလဲကစားခဲ့သူလည်းဖြစ်ပါတယ်။ 


Author


က္က