ဒဏ်ရာများကြောင့် ပွဲထွက်ကစားနိုင်ဖို့ ရုန်းကန်နေရသူပါ။
Win Kyaw Min

ပြောင်းရွှေ့ကြေးအများဆုံးကစားသမားတစ်ဦးဖြစ်ပေမယ့် ဟာဇက်အနေနဲ့ ရီးရဲလ်အသင်းမှာ ဒဏ်ရာပြဿနာ တွေကြောင့် ပွဲထွက်ကစားခွင့်ရဖို့ ရုန်းကန်နေရသူလည်းဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းနဲ့အတူ အောင်မြင်မှုများစွာရရှိခဲ့ပေမယ့် ရီးရဲလ်အသင်းသို့ရောက်ပြီးနောက်ပိုင်း ကြံ့ခိုင်မှုပိုင်းလို အပ်ချက်များကြောင့် ဒဏ်ရာမကြာခဏရရှိခဲ့သလို ပွဲထွက်ကစားခွင့်ရဖို့ ရုန်းကန်နေရတဲ့အတွက် စိတ်ပျက်စရာ ဘောလုံးရာသီတစ်ခုဖြစ်ခဲ့တယ်လို့ ဝန်ခံပြောဆိုသွားခဲ့ပါတယ်။

ဟာဇက်အနေနဲ့ ချဲလ်ဆီးအသင်းကနေ ပြောင်းရွှေ့လာခဲ့ပြီးနောက်ပိုင်း တံတောက်ကြော၊ ခြေကျင်းဝတ်ဒဏ်ရာ များရရှိခဲ့တဲ့အတွက် လက်ရှိအချိန်မှာ လာလီဂါပွဲစဉ် ၁ဝပွဲအပါအဝင် ပြိုင်ပွဲစုံစုစုပေါင်း ၁၅ပွဲသာ ရီးရဲလ်အသင်း အတွက် ကိုယ်စားပြုကစားပေးထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။



“ ရီးရဲလ်ကိုရောက်ခါစမှာ တော်တော်လေးရုန်းကန်ခဲ့ရပါတယ်။ လက်ရှိအချိန်အထိလည်း စွမ်းဆောင်ပေးထား ခဲ့မှုတွေကို မကျေနပ်ပါဘူး။ အသင်းနဲ့ပထမဦးဆုံးရာသီရဲ့ခြေစွမ်းက တကယ်ကိုစိတ်ပျက်စရာပါ။ မဖြစ်သင့်တဲ့ အခြေအနေဖြစ်လို့ လာမယ့်ရာသီသစ်အတွက် အပြည့်အဝအာရုံစိုက်ရတော့မှာပါ ” လို့ ဟာဇက်က RTBF နဲ့ပြု လုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာ ဖြေဆိုသွားခဲ့တာလည်းဖြစ်ပါတယ်။

ရီးရဲလ်နည်းပြဇီဒန်းအနေနဲ့ အခုနှစ်ရာသီအစတွင် တိုက်စစ်မှူးဂျိုဗစ်နဲ့ ဟာဇက်တို့ကို ခေါ်ယူအားဖြည့်ခဲ့ပေမယ့် ဒဏ်ရာပြဿနာကိုယ်စီရင်ဆိုင်ခဲ့ရတဲ့ကစားသမားတွေကြောင့် ပွဲထွက်ကစားသမားရွေးချယ်မှုများတွင်အခက် အခဲအချို့နဲ့ရင််ဆိုင်ခဲ့ရတဲ့အထိဖြစ်ခဲ့တာပါ။

ဟာဇက်အနေနဲ့ သူရဲ့ခြေစွမ်း၊ စွမ်းဆောင်မှုပိုင်းအပေါ် ကျေနပ်မှုမရှိဘဲ စိတ်ပျက်နေခဲ့ပေမယ့်လည်း ရီးရဲလ်အ သင်းဥက္ကဋ္ဌပီရက်စ်၊ နည်းပြဇီဒန်းတို့ကတော့ ယုံကြည်မှုအပြည့်အဝပေးထားပြီး လာမယ့်ရာသီသစ်မှာအသင်းအ တွက် အရေးပါဆုံးကစားသမားဖြစ်လာမယ်လို့ မျှော်လင့်နေကြသလို စီရော်နယ်ဒိုလက်သစ်အဖြစ်နေရာယူနိုင်မ ယ်လို့လည်း ယူဆမှုများရှိနေခဲ့တယ်လို့ As.com က ဖော်ပြထားပါတယ်။


Author


က္က