မန်ယူကို ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေထွက်ပေါ်နေသူပါ။
Kg Htet

ရီးရဲမက်ဒရစ်အသင်းရဲ့ကြယ်ပွင့် နောက်ခံကစားသမား ဗာရာနီဟာ ရီးရဲမက်ဒရစ်အသင်းမှာ မပျော်မရွှင်ဖြစ်နေပြီး မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ဖွယ်ရှိနေတယ်ဆိုတဲ့ သတင်းတွေအားလုံးကို ပယ်ချသွားခဲ့ပါတယ်။

ယခုအပတ်အစောပိုင်းမှာ အသက် ၂၅ နှစ်အရွယ် ရီးရဲမက်ဒရစ်ဗဟိုခံစစ်ကစားသမား ဗာရာနီဟာ ယခုရာသီကုန်မှာ ဘာနေဗျူးကနေ ထွက်ခွာလိုကြောင်း အသင်းဖော်တွေကို ပြောကြားခဲ့တယ်လို့ စပိန်မီဒီယာတွေက ဖော်ပြခဲ့ကြတာဖြစ်ပါတယ်။



ဗာရာနီကို မန်ချက်စတာယူနိုက်တက်အသင်းက လွန်ခဲ့တဲ့နှစ်အတော်ကြာကတည်းက ခေါ်ယူဖို့ စောင့်ကြည့်ခဲ့တာဖြစ်ပြီး နည်းပြမော်ရင်ဟိုက အိုးထရက်ဖို့ဒ်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

 ပြီးခဲ့ဲတဲ့သောကြာနေ့ညနေက မော်ဒိုဗာအသင်းကို ၄-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးမှာ ဗာရာနီက ရီးရဲမက်ဒရစ်ကနေ ထွက်ခွာမှာမယ်ဆိုတဲ့သတင်းတွေနဲ့ပတ်သက်ပြီး စိတ်ဖိစီးခဲ့ရကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

“ပြောရမယ်ဆိုရင် ရီးရဲမက်ဒရစ်အသင်းမှာ ကျွန်တော် မပျော်မရွှင်ဖြစ်နေတယ်ဆိုတဲ့စကားက မမှန်ပါဘူး”

“ကျွန်တော် ရီးရဲမက်ဒရစ်အသင်းမှာ ရှိနေပြီး ကမ္ဘာပေါ်က အကြီးမားဆုံးအသင်းကြီးတစ်သင်းမှာပါ”

“ကျွန်တော် အဆက်မပြတ် ကိုယ့်ဘာသာကိုယ် စိန်ခေါ်မှုတွေ ပြုလုပ်နေရပါတယ်။ ဘာလို့လဲဆိုတော့ ဒီနေရာမှာက လိုအပ်ချက်တွေ အရမ်းမြင့်မားတဲ့အဆင့်ဖြစ်နေလို့ပါ”

 “ကျွန်တော် အရာအားလုံးကို မထိန်းချုပ်နိုင်ဘူး။ မီဒီယာတွေပြောတဲ့ စကားတွေအပါအဝင်ပေါ့။ ထွက်ပေါ်နေတဲ့ အရာတော်တော်များများက မမှန်ပါဘူး။ ဒါပေမယ့် မက်ဒရစ်မှာ မပျော်မရွှင်ဖြစ်နေတယ်လို့တော့ ကျွန်တော် မပြောနိုင်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က