၂၀၀၉ ခုနှစ် ဇူလိုင်လကနေ ၂၀၁၈ ဇူလိုင်လအထိ စာရင်းပြုစုပြီး သက်သေပြခဲ့ပါတယ်။
Kg Htet

ရီးရဲမက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီမှာ အသင်းရဲ့ထိပ်တန်းဂိုးသွင်းရှင် ခရစ်စတီယာနိုရော်နယ်ဒို ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့သွားတဲ့အချိန်ကစပြီး ယနေ့အချိန်အထိ ရုန်းကန်နေရဆဲဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဖလားကို ၃ နှစ်ဆက်ရယူနိုင်ခဲ့တဲ့ ရီးရဲမက်ဒရစ်အသင်းဟာ လက်ရှိအချိန်မှာ အမှတ်ပေးဇယား အဆင့် ၅ နေရာထိ ကျဆင်းခဲ့ပြီး ဘာစီလိုနာအသင်းနဲ့ ၁၀ မှတ်အထိ ကွာဟနေခဲ့ပြီဖြစ်ပါတယ်။



ခရစ်စတီယာနိုရော်နယ်ဒိုဟာ ရီးရဲမက်ဒရစ်အသင်းအတွက် အမှန်တကယ် အကျိုးသက်ရောက်မှုရှိခဲ့လား၊ မရှိခဲ့ဘူးလားဆိုတာကို ယနေ့အထိ အငြင်းအခုံဖြစ်နေကြဆဲဖြစ်ပြီး တွစ်တာအသုံးပြုသူ ရီးရဲမက်ဒရစ်ပရိသတ်တစ်ဦးက ရော်နယ်ဒိုဟာ ရီးရဲမက်ဒရစ်အတွက် ဘယ်လောက်အထိ အကျိုးသက်ရောက်စေခဲ့တယ်ဆိုတာကို ၂၀၀၉ ခုနှစ် ဇူလိုင်လကနေ ၂၀၁၈ ဇူလိုင်လအထိ စာရင်းပြုစုပြီး သက်သေပြခဲ့ပါတယ်။

SK လို့အမည်ရတဲ့ တွစ်တာအသုံးပြုသူ ရီးရဲမက်ဒရစ်အသင်းပရိသတ်ဟာ ခရစ်စတီယာနိုုရော်နယ်ဒို မရောက်ရှိမီ ၉ နှစ်နဲ့ ရီးရဲမက်ဒရစ်အသင်းမှာ ကစားခဲ့တဲ့ ၉ နှစ်ကို နှိုင်းယှဉ်ပြခဲ့တာဖြစ်ပြီး ၎င်းရဲ့ နှိုင်းယှဉ်ချက်ကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

-ခရစ်စတီယာနိုရော်နယ်ဒိုမရောက်ရှိမီ ၉ ရာသီမှာ ကျွန်တော်တို့အသင်းဟာ စုစုပေါင်း ၆၇၃ မှတ်ရရှိခဲ့ပြီး ၈၅ မှတ်ရရှိခဲ့တဲ့ ၂၀၀၇-၂၀၀၈ ရာသီဟာ အများဆုံးဖြစ်ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ ရော်နယ်ဒို ကစားပေးခဲ့တဲ့ ၉ ရာသီမှတော့ စုစုပေါင်း ၈၁၁ မှတ်အထိ ရရှိခဲ့ပြီး ၂၀ ရာခိုင်နှုန်းအထိ ရမှတ်တိုးတက်လာခဲ့ပါတယ်။ ၂၀၁၁-၂၀၁၂ ရာသီမှာ စုစုပေါင်း ရမှတ် ၁၀၀ အထိ ရရှိခဲ့ပြီး ရမှတ်အမြင့်ဆုံးရရှိခဲ့ပါတယ်။


-သွင်းဂိုးအရေအတွက်အပိုင်းကို ကြည့်မယ်ဆိုရင်လည်း ရော်နယ်ဒိုမရောက်ရှိမီ ၉ ရာသီမှာ ကျွန်တော်တို့အသင်းဟာ ၆၈၂ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ရော်နယ်ဒို ကျွန်တော်တို့အသင်းအတွက် ကစားပေးခဲ့တဲ့ ၉ ရာသီမှာ သွင်းဂိုး ၉၆၀ အထိ ရှိခဲ့ပြီး ၄၀ ရာခိုင်နှုန်း တိုးတက်ခဲ့တာဖြစ်ပါတယ်။ အဲဒီသွင်းဂိုး ၉၆၀ မှာ ရော်နယ်ဒိုသွင်းယူခဲ့တဲ့သွင်းဂိုးဟာ ၃၂ ရာခိုင်နှုန်းအထိရှိပြီး သွင်းဂိုးတွေမှာ ပါဝင်ပတ်သက်မှု ၃၆ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။

-ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ရော်နယ်ဒိုမရောက်ရှိမီ ၂၀၀၀/၂၀၀၁- ဆီမီး၊ ၂၀၀၁/၂၀၀၂-ချန်ပီယံ၊ ၂၀၀၂/၂၀၀၃- ဆီမီး၊ ၂၀၀၃/၂၀၀၄-ကွာတား၊ ၂၀၀၄/၂၀၀၅ - ၁၆သင်း၊ ၂၀၀၅/၂၀၀၆-၁၆သင်း၊ ၂၀၀၆/၂၀၀၇- ၁၆သင်း၊ ၂၀၀၇/၂၀၀၈- ၁၆သင်း၊ ၂၀၀၈/၂၀၀၉-၁၆ သင်း။ ရော်နယ်ဒိုရောက်ရှိပြီး ၂၀၀၉/၂၀၁၀- ၁၆သင်း၊ ၂၀၁၀/၂၀၁၁- ဆီမီး၊ ၂၀၁၁/၂၀၁၂-ဆီမီး၊ ၂၀၁၂/၂၀၁၃- ဆီမီး၊ ၂၀၁၃/၂၀၁၄- ချန်ပီယံ၊ ၂၀၁၄/၂၀၁၅ ဆီမီး၊ ၂၀၁၅/၂၀၁၆- ချန်ပီယံ၊ ၂၀၁၆/၂၀၁၇- ချန်ပီယံ၊ ၂၀၁၇/၂၀၁၈- ချန်ပီယံ။


-ချန်ပီယံလိဂ်မှာ ရော်နယ်ဒိုနဲ့ ကျွန်တော်တို့အသင်း ကစားခဲ့တဲ့ ၁၀၈ ပွဲမှာ ၇၄ ပွဲအနိုင်ရရှိခဲ့ပြီး ၆၉ ရာခိုင်နှုန်း နိုင်ပွဲရရှိခဲ့ပါတယ်။

-ရော်နယ်ဒို စရောက်တဲ့အချိန်ကနေ ထွက်သွားတဲ့အချိန်အထိ ကျွန်တော်တို့အသင်း ချန်ပီယံလိဂ်မှာ ၂၆၄ ဂိုးသွင်းယူနိုင်ခဲ့ပြီး ရော်နယ်ဒို သွင်းယူခဲ့တဲ့သွင်းဂိုး ၁၀၅ ဂိုးရှိပါတယ်။ အဲဒါက ရော်နယ်ဒိုက စုစုပေါင်း သွင်းဂိုးရဲ့ ၄၀ ရာခိုင်နှုန်းကို သွင်းယူပေးခဲ့ပြီး သွင်းဂိုးတွေနဲ့ ၆၁ ဂိုးရာခိုုင်နှုန်း ပါဝင်ပတ်သက်ခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။

-စပိန်လာလီဂါမှာလည်း အသင်းရဲ့သွင်းဂိုး ၄၂ ရာခိုင်နှုန်းအထိ ရော်နယ်ဒိုက ပါဝင်ပတ်သက်ခဲ့တာဖြစ်ပါတယ်။

-ကျွန်တော်တို့အသင်းအတွက် ရော်နယ်ဒိုက ၄၃၈ ပွဲကစားပေးခဲ့ပြီး ၃၇ ပွဲကို ဒဏ်ရာကြောင့်သာ လွဲချော်ခဲ့တာဖြစ်ပါတယ်။ အဲဒါက ရော်နယ်ဒိုဟာ အသင်းရဲ့ပွဲစဉ် ၈ ရာခိုင်နှုန်းကိုသာ ဒဏ်ရာကြောင့် လွဲချော်ခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။


Author


က္က