ငွေကြေးထက် အောင်မြင်မှုနဲ့ ဆုဖလားတွေကို ပိုမိုရယူလိုနေတာပါ။

ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး ဘတ်ပီဟာ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ဆန္ဒမရှိဘဲ ရီးရဲမက်ဒရစ်အသင်းကို လစာလျှော့ယူပြီး ပြောင်းရွှေ့လိုနေတယ်လို့ Daily Mail ရဲ့ဖော်ပြချက်အရ သိရပါတယ်။

အသက် ၂၀ အရွယ်ရှိပြီဖြစ်တဲ့ ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းနဲ့ ၂ ရာသီကုန်ဆုံးခဲ့သူဖြစ်ပြီး လက်ရှိစာချုပ်သက်တမ်းဟာ ၂၀၂၂ ခုနှစ်အထိ ကျန်ရှိနေသေးသူဖြစ်ပါတယ်။ ရီးရဲမက်ဒရစ်အသင်းဟာ ဘတ်ပီကို အလွန်နှစ်သက်နေခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီအသင်းနဲ့ အခြေအနေကို စောင့်ကြည့်နေတာဖြစ်ပါတယ်။



ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းရဲ့ လစာအများဆုံးကစားသမားတွေထဲကတစ်ဦးဖြစ်ပြီး Marca ရဲ့သတင်းအရ ရီးရဲမက်ဒရစ်အသင်းဟာ ဘတ်ပီရဲ့လစာအတွက် ပီအက်စ်ဂျီအသင်းကို ယှဉ်ပြိုင်နိုင်ခြင်းရှိမှာမဟုတ်ဘူးလို့ သိရပါတယ်။

ဒါပေမယ့်လည်း ဘတ်ပီအတွက် ငွေကြေးဟာ အဓိကမဟုတ်ဘဲ ဆုဖလားတွေနဲ့ အောင်မြင်မှုတွေကိုသာ ပိုမိုဂရုုစိုက်တတ်သူဖြစ်တယ်လို့ သိရပြီး ဘတ်ပီဟာ ဘယ်လောက်ကြီးမားတဲ့လစာပမာဏနဲ့ ကမ်းလှမ်းလာသည်ဖြစ်စေ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သစ် မချုပ်ဆိုလိုတော့ကြောင်း Marca က ဖော်ပြခဲ့ပါတယ်။

ရီးရဲမက်ဒရစ်အသင်းဟာ ယခုနွေရာသီမှာတော့ ပေါင်သန်း ၃၀၀ နီးပါးသုံးစွဲပြီး ကစားသမားခေါ်ယူထားတာကြောင့် ဘတ်ပီကို ခေါ်ယူနိုင်ဖွယ်မရှိတော့ဘဲ လာမယ့်နှစ်နွေရာသီမှသာ ဘတ်ပီကို ခေါ်ယူဖို့ ကြိုးပမ်းဖွယ်ရှိတယ်လို့ သိရပါတယ်။

ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းအတွက် ပြီးခဲ့တဲ့ရာသီမှာ ၂၉ ပွဲပါဝင်ကစားခဲ့ရာမှာ သွင်းဂိုး ၃၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၇ ကြိမ်ပြုလုပ်ထားနိုင်ခဲ့သူဖြစ်ပြီး ချန်ပီယံလိဂ် ၈ ပွဲ ပွဲထွက်ကစားခဲ့ရာမှာ သွင်းဂိုး ၄ ဂိုးနဲ့ ဂိုးဖန်တီးမှု ၅ ကြိမ် ပြုလုပ်နိုင်ခဲ့သူဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က