အဝေးကွင်းမှာ ‌နောက်က လိုက်ကစားခဲ့ရတာပါ။
Kyaw Ko Ko Sint

ချန်ပီယံလိဂ်ပြိင်ပွဲသမိုင်းတစ်လျှောက် ၄ကြိမ်တွေ့ဆုံဖူးထားရာမှာ ရီးရဲမက်ဒရစ်က ၂ ကြိမ်နိင် ၂ ကြိမ် သရေကစားထားနိုင်ပြီး အခု ၅ကြိမ်မြောက်မှာမှ မန်စီးတီးက စတင်အနိုင်ယူနိုင်တာပါ။

အဝေးကွင်း လိုက်ကစားခဲ့ရတဲ့ မန်စီးတီးတို့ကတော့ ချန်ပီယံလိဂ်အအောင်မြင်ဆုံးအသင်း ရီးရဲမက်ဒရစ်ကို နောက်က လိုက်ကစားပြီး ၂-၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။

မိနစ် ၆၀မှာ အစ္စကိုရဲ့ ဂိုးနဲ့ အိမ်ရှင်တို့ ဦးဆောင်ထားနိုင်ခဲ့ပေမယ့် ဂါဘရီရယ်ဂျီးဆပ်၊ဒီဘရိုင်းတို့ရဲ့ နောက်ကျ ချေပဂိုးနဲ့ အနိုင်ဂိုးတွေက မန်စီးတီးကို အနိုင်ရစေခဲ့တာပါ။

၇၈ မိနစ်မှာဂျီးဆပ်က ချေပဂိုးသွင်းခဲ့ပြီး ၈၆မိနစ်မှာ ရာမို့စ်အထုတ်ခံလိုက်ရပြီး ဒီဘရိုင်းက ၈၃ မိနစ်မှာ ပင်နယ်တီကတဆင့် အနိုင်ဂိုးသွင်းယူနိုင်ခဲ့တာက ရီးရဲမက်ဒရစ်ကို အထိနာစေခဲ့ပါတယ်။

မန်စီးတီးက လက်ရှိအချိန်မှာ လာမယ့်နှစ်နှစ်အတွက် ဥရောပပြိုင်ပွဲဝင်ခွင့် ကနဦးပိတ်ပင်ခံထားရပြီး အယူခံဝင် ရဖို့ ရှိနေတာကြောင့် အခုနှစ်က ဘာဖြစ်ဖြစ် အားသွန်ထည့်ကစားရမယ့်နှစ်အဖြစ် ရှိနေတာပါ။

ဒါကြောင့်လည်း နည်းပြ ဂွါဒီယိုလာနဲ့ သူ့ကစားသမားတွေ အဝေးကွင်းဖြစ်သည့်တိုင် အကောင်းဆုံး ကစားသွား နိုင်ခဲ့ပြီး ၂-၁ ဂိုးနဲ့ အနိုင်ယူပြခဲ့တာပါ။

မန်စီးတီးအတွက် ရီးရဲမက်ဒရစ်ကို အခုလို အနိုင်ယူနိုင်တာကတော့ သမိုင်းတစ်လျှောက် ပထမဆုံး အကြိမ် ဖြစ်ပါတယ်။


အရင် တွေ့ကြုံဖူးတဲ့ ချန်ပီယံလိဂ် ၄ကြိမ်မှာ ရီးရဲက ၂ ပွဲနိုင် ၂ပွဲသရေ ကစားထားတာ ဖြစ်ပြီး မန်စီးတီးအတွက် အခုပွဲက ပထမဆုံး နိုင်ပွဲဖြစ်လာတာပါ။

အဝေးကွင်းအနိုင်ရတာကြောင့် ဒုတိယအကျော့ အိမ်ကွင်းပွဲက မန်စီးတီးကို ပိုမိုအားသာစေခဲ့ပြီး ချန်ီယံလိဂ်ပြိုင် ပွဲတစ်လျှောက် ရီးရဲကို ပထမဆုံး ကျော်ဖြတ်နိုင်ဖို့ နီးစပ်နေပြီလည်း ဖြစ်ပါတယ်။

တစ်ချိန်တည်း ကစားခဲ့တဲ့ အခြားသော ချန်ပီယံလိဂ် ၁၆သင်းအဆင့် ပ-ကျော့ ရှုံးထွက်ပွဲတစ်ပွဲဖြစ်တဲ့ လိုင်ယွန်နဲ့ ဂျူဗင်တပ်တို့ ပွဲမှာတော့ လိုင်ယွန်က တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။


Author


က္က