ကျောနံပါတ် ၁၀ ဂျာစီကို ဝတ်ဆင်ခွင့်မရထားသူပါ။
Kyaw Ko Ko Sint

လကမ္ဘာပေါ်ကို ပထမဆုံး လူသားတွေ ခြေချနိုုင်ခဲ့တ့ ၁၉၆၉ ဇူလိုင် ၂၀ ရက်နေ့ဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ၂၀၁၉က နှစ်ပေါင်း ၅၀ တိတိပြည့်မြောက်ခဲ့တဲ့အတွက် ဂုဏ်ပြုတဲ့အနေနဲ့ ဝတ်ဆင်ကစားခြင်း ဖြစ်တယ်လို့ ဟာဇက်ကဆိုပါတယ်။

ရီးရဲမက်ဒရစ်အသင်းက ဘိုင်ယန်မြူးနစ်အသင်းကို ၃-၁ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ICC 2019 ပြိုင်ပွဲမှာ ရီးရဲ ကစား သမား အီဒင်ဟာဇက်က သူ့ရဲ့ ကျောနံပါတ် မဟုတ်တဲ့ ကျောနံပါတ် ၅၀ ဂျာစီကို အံ့အားသင့်ဖွယ် ဝတ်ဆင်ကစားခဲ့ပါတယ်။



ဒီလို ဝတ်ဆင်ကစားခဲ့ရတဲ့ အကြောင်းရင်းကတော့ လကမ္ဘာပေါ်ကို ခြေချနိုင်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ပြည့် အထိမ်းအမှတ်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဝတ်ဆင်ခဲ့တာဖြစ်တယ်လို့ ဟာဇက်က ထုတ်ဖော်ရှင်းလင်းခဲ့တဲ့ အကြောင်း The Sun သတင်းဌာနက ဖော်ပြပါတယ်။

ဟာဇက်အနေနဲ့ မိုဒရစ် ဝတ်ဆင်ကစားနေတဲ့ ကျောနံပါတ် ၁၀ ဂျာစီကို ဝတ်ဆင်ဖို့ ကြိုးစားခဲ့ပေမယ့် မိုဒရစ် ကပေးဖို့ ငြင်းဆန်ခဲ့တာကြောင့် ယခင် ဒေးဗစ်ဘက်ခမ်း ဝတ်ဆင်ခဲ့တ့ ကျောနံပါတ် ၂၃ ဂျာစီကို ဝတ်ဆင်ဖို့ ဆုံးဖြတ်ခဲ့သူလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပြီးခဲ့တဲ့ ဘိုင်ယန်မြူးနစ်နဲ့ ပွဲမှာတော့ ကျောနံပါတ် ၅၀ ဂျာစီကို အံ့အားသင့်ဖွယ် ဝတ်ဆင် လာခဲ့တာ ဖြစ်ပါတယ်။ ၁၉၆၉ ခုနှစ် ဇူလိုင် ၂၀ ရက်နေ့မှာ နေးလ်အမ်းစတောင်းဆိုသူဟာ လကမ္ဘာပေါ်ကို ပထမဆုံးခြေချနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်နေ့ဟာ လူသားတွေအနေနဲ့ လကမ္ဘာပေါ်ကို သွားနိုင်တဲ့ နှစ် ၅၀ ပြည့် အထိမ်းအမှတ်လည်း ဖြစ်ပါတယ်။

“ အခုလို လုပ်ဆောင်ရတာကတော့ ရီးရဲပရိသတ်တွေရဲ့ သတိထားမှု ပိုမိုရရှိစေဖို့နဲ့ ကျွန်တော်ဟာ လူငယ်တစ်ယောက်မဟုတ်ဘူးဆိုတာကို ပြသချင်တာပါ။ ရီးရဲအတွက် ကစားရင် နှစ်တိုင်း ဆုဖလားတွေ ရနိုင်ပါတယ်။ ချန်ပီယံလိဂ် မရတဲ့နှစ်ဆို ပရိသတ်တွေက ဒေါသထွက်ကျတယ် ဒါက ဖြစ်လေ့ဖြစ်ထရှိနေတဲ့ ပုံစံပဲ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ဖို့ လိုပါတယ်၊ ဒါကလည်း ကျွန်တော် ဒီကို ရောက်လာတဲ့ အကြောင်းရင်းပါ ပဲ။” လို့ ဟာဇက်က ပြောသွားပါတယ်။

ဟာဇက်က သူ့အနေနဲ့ လွန်ခဲ့တဲ့ ၇ နှစ်လောက်က လူငယ်လေးတစ်ယောက်အဖြစ် ချဲလ်ဆီးကို ရောက်ခဲ့ပေ မယ့် အခုချိန်မှာ ရင့်ကျက်နေတဲ့ လူတ်ပိုင်းအရွယ် အသက်၂၈ နှစ်ကို ရောက်ရှိနေပြီဖြစ်ပြီး ပွဲပေါင်း ၅၀၀ ကျော်ကို ကစားထားပြီးသူလည်း ဖြစ်တယ်လို့ ပြောပါတယ်။ “ လာလီဂါက ပရီးမီးယားလိဂ်နဲ့ လုံးဝကွဲပြားပါတယ်၊ ဒါပေမယ့် အတွေ့အကြုံကောင်းတွေနဲ့ လွယ်ကူလျင်မြန်စွာ အထိုင်ကျနိုင်ပါလိမ့်မယ်။” လို့ ဟာဇက်ကဆက်လက်ပြောခဲ့ပါတယ်။

 ဟာဇက်ကတော့ သူ့အနေနဲ့ ရီးရဲအသင်းမှာ ကျောနံပါတ် ၁၀ ဂျာစီမရလို့ ကျောနံပါတ် ၂၃ ကို ဝတ်ဆင် သွားဖို့ တောင်းဆိုလာခဲ့ပြီး ဒါကလည်း ဘတ်စကတ်ဘောမှာ နာမည်ကျော်ကြတဲ့ ကျောနံပါတ်၂၃ ဂျာစီဝတ် ကစားသမားတွေကို လေးစားအားကျတဲ့ အတွက်ဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က