ဒီကနေ့ညမှာ တွေ့ဆုံကစားရမှာပါ။

ပီအက်စ်ဂျီအနေနဲ့ မနှစ်က ၁၆ သင်းအဆင့်မှာ မန်ချက်စတာယူနိုက်တက်အသင်းကို အဝေးဂိုးနဲ့ အရေးနိမ့်ပြီး စောစီးစွာ ထွက်ခဲ့ရတာပါ။

မနှစ်က ၁၆ သင်းအဆင့်မှာ ထွက်ခွာခဲ့ရတာကို သတိရပြီး ဒီတစ်ကြိမ် ရီးရဲနဲ့ စတင်ကစားရမယ့် ချန်ပီယံလိဂ်ပွဲ မှာ ကစားသမားတွေ အနေနဲ့ စိတ်ဓာတ်ပြင်းပြင်းထန်ထန်နဲ့ မာမာထန်ထန် တုံ့ပြန် ကစားစေလိုတယ်လို့ နည်းပြ တူချယ်က ထုတ်ဖော်ပြောခဲ့တဲ့အကြောင်း Sportskeeda သတင်းဌာနက ဖော်ပြလာပါတယ်။





“ ရှုံးပြီးနောက် အချိန်အကြာပြီး စောင့်နေရပါတယ်၊ အားလုံး ဘယ်သူမှ စိတ်မကျေမနပ်ဖြစ်နေပါတယ်။ အရှုံးကို မေ့ပြီး ရှေ့ဆက်နိုင်ဖို့ လုပ်ဆောင်ရပါမယ်။” လို့ တူူချယ်က ပြောခဲ့ပါတယ်။

ရီးရဲအသင်းက အသင်းကြီးဖြစ်ပြီး၊ကစားသမားတွေက အရမ်းတော်တယ်၊ ချန်ပီယံလိဂ်ကိုလည်း ကြိမ်ဖန်များစွာ ပိုင်ဆိုငထားပြန်ပါတယ်လို့လည်း တူချယ်က ဆက်လက်ပြောခဲ့ပါတယ်။

“ ခက်ခဲမယ့်ပွဲပါ၊ ပွဲကြီးပွဲကောင်းလည်း ဖြစ်လာမှာပါ။ ဒါကြောင့် ကစားသမာားတွေကို မြန်မြန်ဆန်ဆန်နဲ့ မာမာထန်ထန်ကစားစေလိုပါတယ်။အသင်းမှာတော့ အပြောင်းအလဲ အများကြီး လုပ်ထားပါတယ်။အတွေ့ အကြုံရင့်သူတွေနဲ့ အသင်းမှာ စုဖွဲ့မှုကောင်းနေပါတယ်။ယုံကြည်မှု ထားပြီး ရှေ့ဆက်ဖို့လိုနေပါပြီ။” လို့လည်း တူချယ်က ဆက်လက်ပြောခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းအနေနဲ့ တိုက်စစ်မှူး နေမာ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရမှုကနေ ကင်းလွတ်ခဲ့ပေမယ့်လည်း ရီးရဲနဲ့ ပွဲကိုတော့ လွဲချော်ဦးမှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က