ဗယ်လာဒိုလစ်နဲ့ပွဲမှာ သွင်းယူခဲ့တာပါ။

မက်ဆီရဲ့ ကန်သွင်းချက်က သူ့ရဲ့ဟန်ပန်အတိုင်းပဲ လူတံတိုင်းကို ကျော်လွန်ခဲ့ပြီး ဂိုးတိုင်ထောင့်ဘက်ကို တန်းတန်းမတ်မတ်ဝင်သွားခဲ့တာလည်း ဖြစ်ပါတယ်။


မနေ့ညက ကစားခဲ့တဲ့ စပိန်လာလီဂါပွဲမှာ ဘာစီလိုနာတိုက်စစ်မှူးမက်ဆီက အသင်းအတွက် အနိုင်ဂိုးနှစ်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဗယ်လာဒိုလစ်ကို အိမ်ကွင်းမှာ ၅-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ မက်ဆီက ခြေစွမ်းပြခဲ့တာဖြစ်ပြီး သူ့ရဲ့ကစားသမားဘဝမှာ ၅၀ ဂိုးမြောက် ဖရီးကစ်သွင်းဂိုးကိုလည်း ရယူသွားနိုင်ခဲ့တယ်လို့ သိရပါတယ်။

မက်ဆီအနေနဲ့ ၂၅ ကိုက်အကွာခန့်မှာ ရရှိခဲ့တဲ့ ဖရီးကစ်ကို ဗယ်လာဒိုလစ်ဂိုးသမားရဲ့ ဘယ်ဘက်အပေါ်ထောင့်ကို ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ မက်ဆီရဲ့ ကန်သွင်းချက်က သူ့ရဲ့ဟန်ပန်အတိုင်းပဲ လူတံတိုင်းကို ကျော်လွန်ခဲ့ပြီး ဂိုးတိုင်ထောင့်ဘက်ကို တန်းတန်းမတ်မတ်ဝင်သွားခဲ့တာလည်း ဖြစ်ပါတယ်။ ပြိုင်ဘက်ဂိုးသမားအနေနဲ့ မက်ဆီရဲ့ ကန်သွင်းချက်ကို ဘယ်လိုမှမဟန့်တားနိုင်ခဲ့ဘဲ ခွင့်ပြုခဲ့ရပါတယ်။



Optajoe ရဲ့ ဖော်ပြချက်အရ မက်ဆီက ဘာစီလိုနာအတွက် ဖရီးကစ်ကနေ ဂိုးပေါင်း ၄၄ဂိုး၊ အာဂျင်တီးနားအတွက် ၆ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ကစားသမားတစ်ဦးအတွက် သွင်းယူနိုင်ဖို့ မလွယ်ကူတဲ့ မှတ်တိုင်တစ်ခုကို မက်ဆီက စိုက်ထူနိုင်ခဲ့တာဖြစ်ပြီး နည်းပြဗယ်လ်ဗာဒီ က်ထက်မှာ သူ့ရဲ့သွင်းဂိုးကလည်း ၁၀၀ ပြည့်မြောက်သွားခဲ့ပြီဖြစ်ပါတယ်။

ဘာစီလိုနာအတွက် ဂိုးတွေကိုတော့ နောက်ခံလူလန်ဂ်လက်၊ကွင်းလယ်လူဗီဒယ်နဲ့ တိုက်စစ်မှူးဆွာရက်ဇ်တို့က တစ်ဂိုးစီသွင်းပေးခဲ့ကြပါတယ်။ ဆွာရက်ဇ်ကတော့ လာလီဂါမှာ ရင်ဆိုင်ခဲ့ဖူးတဲ့ အသင်းမှန်သမျှကို ဂိုးသွင်းနိုင်တဲ့ စံချိန်ရရှိခဲ့ပါတယ်။ ဒီနိုင်ပွဲနဲ့အတူ ဘာစီလိုနာက အမှတ်ပေးဇယားကို ဦးဆောင်ခဲ့ပြီး ဒုတိယနေရာက ဂရန်နာဒါကို ၂မှတ်ဖြတ်ထားနိုင်ခဲ့ပါတယ်။



က္က